Main menu

Background

အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သုံးခု ဝင်ရောက်လာ

Tue, 06/03/2025 - 10:29 -- journal_editor

အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၇၇၈ သန်း ပမာဏရှိသည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု FDI  လုပ်ငန်းသစ်သုံးခု ဝင် ရောက်လာကြောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်မှ သိရသည်။ 
မေလ ၁၆ ရက်က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အစည်းအဝေးတွင်    လက်ရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည် ငွေရင်း တိုးမြှင့်ခြင်းအ ပါအဝင် စက်မှု ကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု  လုပ်ငန်းသစ် သုံးခု နှင့် စက်မှုကဏ္ဍမှ နိုင်ငံသားရင်းနှီးမြှုပ်နှံ မှု လုပ်ငန်းသစ် ခြောက်ခုတို့ကို ခွင့်ပြု ပေးခဲ့ကြောင်း သိရသည်။ 
ယင်းအစည်းအဝေးတွင်  အမေ ရိကန်ဒေါ်လာ ၃၅ ဒသမ ၇၇၈ သန်းနှင့် ကျပ် ၃၀၂၀၆ ဒသမ ၉၂၀ သန်းပမာဏ ရှိသည့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ဆိုလာနှင့် ဆက်စပ် ပစ္စည်းများ  ထုတ်လုပ်ခြင်း၊ လျှပ်စစ် သွယ်တန်းခြင်းနှင့် ဆက်စပ်သည့် လုပ် ငန်းများ၊   အရန်သင့်အစားအစာများ ပြင်ဆင်ထုတ်လုပ်ခြင်း၊ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း၊ သံနှင့် သံမဏိ အခြေခံပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် အခြားလုပ်ငန်းများ ပါဝင်ကြောင်း သိရ  သည်။ 
၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ပြည်ပနိုင်ငံပေါင်း ၅၃ ခုအနက် စင်ကာပူ နိုင်ငံ၊ တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် နိုင်ငံများအဖြစ် ရပ်တည်လျက်ရှိသည်။ 
ထို့ပြင်  စီးပွားရေးကဏ္ဍ ၁၂ ခု အနက် စွမ်းအင်ကဏ္ဍတွင်  ၂၈ ဒသမ ၃၄ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ် ငွေ့ကဏ္ဍတွင် ၂၄ ဒသမ ၆၉ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၄ ဒသမ ၄၉ ရာခိုင်နှုန်းဖြင့် အများဆုံးဝင်ရောက် ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဖော်ပြထား သည့်  အချက်အလက်များအရ သိရ သည်။ 

 

ကိုတိုး