Main menu

Background

မေလတွင်း စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာရောင်းချပေးမှု သန်း ၈၀ ကျော်ထိရှိလာ

Tue, 06/03/2025 - 10:31 -- journal_editor

မေလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်  နိုင်ငံခြား ငွေကြေးဈေးကွက် ( (FX Trading Platform) တွင် ‌စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာရောင်းချ ပေးမှု သန်း ၈၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ ကြေးဈေးကွက် (FX Trading Platform) ) တွင် စက်သုံးဆီ လုပ်ငန်းရှင်များအား  မေ ၆ ရက်တွင် အမေရိကန်ဒေါ်လာ ၃၃ သန်းနှင့် ထိုင်းဘတ် သန်း ၂၀ဝ အားလည်းကောင်း၊ မေ ၁၃ အမေရိကန် ဒေါ်လာ ၂၃ ဒသမ ၆၇  သန်းနှင့် ထိုင်းဘတ် သန်း ၅၀ အားလည်းကောင်း၊ မေ ၂၇ ရက်တွင် အမေရိကန် ဒေါ်လာ သန်း ၃၀ အား အသီးသီး ရောင်းချပေးခဲ့ကြောင်း သိရသည်။ 
မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေး ကွက်  (FX Trading Platform) ) တွင် စားသုံးဆီနှင့် အခြား ကုန်စည်များတင်သွင်းသည့် လုပ်ငန်းရှင်များအတွက် ဃဏြ လုပ်ငန်းများသို့ ဝင်ရောက်သည့် နိုင်ငံခြားငွေမှ တစ်ရက်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းခန့် နေ့စဉ် ရောင်းချပေးလျက်ရှိသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ‌စက်သုံးဆီလုပ်ငန်း  ရှင်များအား အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းရှင် များအတွက် အမေရိကန်ဒေါ်လာများ ဆက်တိုက်ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့်လအတွင်း မြန်မာနိုင်ငံတော်ဗဟို ဘဏ်အနေဖြင့်  နိုင်ငံခြားငွေကြေးဈေးကွက် ( (FX Trading Platform)  တွင် ‌စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန် ဒေါ်လာရောင်းချပေးမှု သန်း ၁၂၀ ကျော်ထိ  ရှိခဲ့ကြောင်း သိရသည်။

 

ကိုတိုး