Main menu

Background

၂၀၂၅ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်ဘီလျံ ၅၄၀ ခန့် ထုတ်ချေးပေးရန် လျာထား

Tue, 06/03/2025 - 10:33 -- journal_editor

ယခု ဘဏ္ဍာနှစ်အတွက် စိုက်ပျိုးစရိတ်ချေး ငွေ ကျပ် ၆၈၈ ဘီလျံကျော် လျာထားပြီး ၂၀၂၅ မိုးရာသီတွင် ဧကပေါင်း ၃ ဒသမ ၇ သန်းကျော် အတွက် ကျပ်ဘီလီယံ ၅၄၀ ခန့် ထုတ်ချေးရန် လျာ ထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။ 
၂၀၂၅ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ အား ယခင်ချေးငွေ အရင်း၊ အတိုးများပါ ပြေ ကျေစွာပေးဆပ်ပြီးသည့် တောင်သူများသို့ မိုး ရာသီ စိုက်ပျိုးချိန်အမီ မေလ ၁၉ ရက်မှစတင် ၍ ယခင်နှစ်နည်းတူ တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင် နှုန်းဖြင့်  သက်ဆိုင်ရာ  ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲ များမှတစ်ဆင့် ထုတ်ချေးနေပြီဖြစ်ကြောင်း အသိ ပေးကြေညာထားသည်။  စုစုပေါင်းစိုက်ပျိုးဧက ၅ ဒသမ ဝ၈၉ သန်းအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၆၈၈ ဒသမ ၁၁၂ ဘီလီယံအထိ ထုတ်ချေးပေး သွားမည်ဖြစ်ပြီး ယခု ၂၀၂၅ မိုးရာသီ စိုက်ပျိုးသီးနှံ ဧကပေါင်း ၃ ဒသမ ၇၆၅ သန်းအတွက် ကျပ် ၅၃၈ ဒသမ ၂၁၃ ဘီလီယံ ထုတ်ချေးပေးမည်ဖြစ်သည်။
အလားတူ ၂၀၂၅ ဆောင်းရာသီစိုက်ပျိုးသီးနှံ ဧကပေါင်း ၁ ဒသမ ၂၅၃ သန်းအတွက် ကျပ် ၁၃၉ ဒသမ ၈၉၉ ဘီလီယံထုတ်ချေးပေးမည်ဖြစ်ပြီး ၂၀၂၆ မိုးကြိုရာသီ   စိုက်ပျိုးသီးနှံဧက ၇၀၃၁၁ အတွက် ကျပ် ၁၀ ဘီလီယံ ထုတ်ချေးပေးသွားမည် ဖြစ်သည်။
ပြီးခဲ့သည့်  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်းစိုက်ပျိုးဧက ၄ ဒသမ ၅၇၉ သန်း (တောင် သူ ၇၄၄၁၉၄ ဦး) အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၆၂၃ ဒသမ ၁၄၂ ဘီလီယံ  ထုတ်ချေးပေးခဲ့ သည်။ 
၂၀၂၄ မိုးရာသီစိုက်ပျိုးသီးနှံအတွက် ကျပ် ၄၉၄ ဒသမ ၉၁၇ ဘီလီယံ၊ ၂၀၂၄ ဆောင်းရာသီ စိုက်ပျိုးသီးနှံအတွက်    ကျပ် ၁၂၀ ဒသမ ၆၈၇ ဘီလီယံနှင့် ၂၀၂၅ မိုးကြိုစိုက်ပျိုးသီးနှံအတွက် ကျပ် ၇ ဒသမ ၅၃၆ ဘီလီယံ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

ကိုတိုး