ဘိလပ်မြေ
မော်လမြိုင်မြို့၌ ဇွန်လ စတုတ္ထပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိ နေပြီး ဈေးနှုန်း တည်ငြိမ်နေကြောင်းသိရှိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ် ပုံမှန်ဖြစ်နေသော ဈေးမှာ ယခုပတ်တွင် (အပါချီ) တစ်အိတ်လျှင် ကျပ် ၂၅၀ဝ၀၊ ကြံ့အသစ်(အပြာ) တစ်အိတ်လျှင် ကျပ် ၂၄၃၅၀၊ ကြံ့တံဆိပ်(အဝါ) တစ်အိတ်လျှင် ကျပ် ၂၅၀ဝ၀၊ ကြံ့နှစ်ကောင်(အနီ) တစ်အိတ်လျှင် ကျပ် ၂၄၅၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။
ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး
ဇွန်လစတုတ္ထပတ်တွင် ကွန်ပေါင်း (မြန်မာ့သြဘာ ရွှေကောမက်)15:15:15 50kg ပါ တစ်အိတ် လျှင် ကျပ် ၁၅၂၀ဝ၀၊ ကွန်ပေါင်း 20:12:12 50kg ပါတစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ၊ ကွန်ပေါင်း Thai Grow How) 15:15:15 50kgပါ တစ်အိတ်လျှင် ကျပ် ၂၂၀ဝ၀ဝ၊ ပုလဲ(အသေး) ၄၆% မြန်မာ (ဏြန) 50kg ပါတစ်အိတ် လျှင် ကျပ် ၇၀ဝ၀ဝ၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ် ၁၂၅၀ဝ၀၊ ပုလဲအသေး တရုတ်(ရွှေတောင်) 50kg ပါတစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀၊ ပိုတက် (အာမို) ၅၀ါု ပါတစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ၊ ပိုတက်(မြန်မာ့သြဘာ) 50kg ပါ တစ်အိတ်လျှင် ကျပ် ၁၃၂၀ဝ၀၊ တီစူပါ(သံကွင်း) 50kg ပါတစ်အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ ပိုးသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင် ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100cc တစ်ပုလင်းလျှင် ကျပ် ၆၀ဝ၀ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc တစ်ပုလင်းလျှင် ကျပ် ၂၂၀ဝ၀၊ ဖျူရာဒါန် ၅ ဂျီ (မြန်မာ့သြဘာ) 1 Kg ပါ တစ်ထုပ်၊ ကျပ် ၁၅၀ဝ၀၊ အဆီဖိတ်(ခရု) မြန်မာ့သြဘာ ၅၀ဝါု ပါ တစ်ထုပ် ကျပ် ၄၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ရော်ဘာ
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန်ရှိနေ သည်။ ရော်ဘာဈေးနှုန်းမှာ အဖွင့်ရာသီတွင်RSS-3 တစ်ပေါင်လျှင် ကျပ် ၃၅၀ဝ ရှိခဲ့ပြီး ဇွန် ၂၅ ရက် မှ ၃၀ ရက်ထိဈေးနှုန်းမှာ မော်လမြိုင်မြို့တွင်RSS-3 တစ်ပေါင်လျှင် ကျပ် ၂၇၈၀၊ ကျိုက်မရောမြို့တွင် ကျပ် ၂၈၀ဝ၊ မုဒုံမြို့တွင် ကျပ် ၂၈၈၀၊ ချောင်းဆုံမြို့တွင် ကျပ် ၂၆၈၀၊ သံဖြူဇရပ်တွင် ကျပ် ၂၇၀ဝ ဈေးဖြစ်ပေါ်နေပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ပေါင်လျှင် ကျပ်၃၀ ခန့် ဈေးတက် လာသည်။ ယခင်နှစ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါကလည်း တစ်ပေါင်လျှင် ကျပ်၅၀ဝ ခန့် ဈေးတက်လာခဲ့ သည်။ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ ၅၀ါု ပါ တစ်ထုပ်လျှင် ကျပ်၃၂၀ဝ၊ ရော်ဘာ တစ်တန်လျှင် ကျပ် ၆၄၀ဝ၀ ဖြင့်လည်းကောင်း မော်လမြိုင်မှ မန္တလေးသို့ သယ်ယူခနှုန်းထား မှာ ၅၀ ါုပါ တစ်ထုပ်လျှင် ကျပ် ၄၂၀ဝ၊ ရော်ဘာတစ်တန်လျှင် ကျပ် ၈၄၀ဝ၀ ဖြင့် သယ်ယူပို့ဆောင် ပေးရကြောင်း၊ မိုးရာသီ ရောက်ရှိလာပြီဖြစ်သောကြောင့် ရော်ဘာခြံရှင်များအနေဖြင့် အစေးလှီးခြင်း ကို ရပ်နားထားကြသဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန် ရှိနေသော်လည်း ရော်ဘာတစ်ပေါင်ဈေး နှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း အနည်းငယ် မြင့်တက်လာကြောင်း ကုန်သည် များထံမှ သိရသည်။
အောင်မြင့်မြတ် (မွန်)