Main menu

Background

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပမည်

Tue, 02/03/2026 - 11:26 -- journal_editor

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြခန်း ပေါင်း ၁၀ဝ ကျော်ပါဝင်သည့် ပြည်ထောင်စုအဆင့် ြှနြ ထုတ်ကုန်ပြပွဲ နှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကျင်းပနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၂၃ ရက်က စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ယင်းအစည်းအဝေးသို့  စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အမျိုး သားစီမံကိန်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါ ယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဒုတိယစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဝင်များ၊ ဒုတိယမြို့တော်ဝန်၊ စက်မှုဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန် ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက် ရောက်ကြပြီး   တိုင်းဒေသကြီး၊ ပြည်နယ်များမှ အေဂျင်စီဥက္ကဋ္ဌများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြည်ထောင်စုအဆင့်MSMEထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ (၇၉)နှစ် မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်တွင် ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊MSME များသည် နိုင်ငံ့စီးပွားရေး၏ အခြေခံအင်အားစုဖြစ်သည့်အပြင် ပြည်တွင်းအလုပ် အကိုင်ဖန်တီးမှု၊ ဒေသအလိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အသက်မွေး ဝမ်းကျောင်း တိုးတက်ရေးတို့အတွက် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ ပြပွဲနှင့် ဈေးရောင်းပွဲတော်မှတစ်ဆင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှMSMEထုတ်ကုန်များကို စုစည်းပြသနိုင်ခြင်း၊ စားသုံးသူများနှင့် တိုက်ရိုက်တွေ့ဆုံနိုင်ခြင်း၊ ဈေးကွက်တိုးချဲ့နိုင်ခြင်းနှင့် အပြန်အလှန် လေ့လာသင်ယူနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိစေ နိုင်မည်ဖြစ်ကြောင်း၊  ထို့ကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီရုံးက ပြည်ထောင်စုအဆင့်MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲ တော် (နေပြည်တော်) ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျင်းပရေး ဗဟိုကော်မတီကို ဖွဲ့စည်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို သတ် မှတ်ပေးပြီးဖြစ်ကြောင်း၊ ကျင်းပရေးဗဟိုကော်မတီအနေဖြင့် ပြည်ထောင်စု အဆင့်MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အား အောင်မြင် စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီးကို ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်တာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း ပြောကြားသည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီ အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အေဂျင်စီများနှင့် ပူးပေါင်းချိတ်ဆက်ပြီး အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်MSME  ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ြှနြ ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချဆိုင်ခန်းများ၊ လုပ်ငန်း၊ စီးပွားချိတ်ဆက်မှုများ (Business Matching))၊ နည်း ပညာပြခန်း များ၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစား စက်မှု လက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်း များ၊Solar Farmများ၊SKD  ဦးစားပေး EV ကား၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်ပြခန်းများ၊ CMP အထည်ချုပ်ပြခန်းများ အပါအဝင် ပြခန်း ပေါင်း ၁၀၁ ခန်းခန့် ပြသရောင်းချသွားမည်ဖြစ်ကြောင်း၊ ကျင်းပရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များအားလုံးက ပြည်ထောင်စုအဆင့်MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲ (နေပြည်တော်) ဆောင်ရွက်ရမည့် အခြေ အနေကို ဆွေးနွေးပေးကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြား ခဲ့ကြောင်း သိရသည်။
ကိုတိုး