Main menu

Background

မြစ်ကြီးနားမြို့ စည်ပင်သာယာဈေး၌ ရောင်းချလျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများ

Fri, 05/15/2026 - 10:21 -- journal_editor

ဧပြီလ စတုတ္ထပတ်အတွင်း မြစ်ကြီးနားမြို့ စည်ပင်သာယာဈေး၌ အခြေခံစားကုန်များဖြစ်သော  ဆင်းဧကရီ-၃ ဆန်တစ်ပြည် ကျပ် ၄၀ဝ၀၊ ဆင်းဧကရီ-၃ ဆန်တစ်အိတ် ကျပ် ၉၆၀ဝ၀၊ ဧရာမင်းဆန် တစ်ပြည် ကျပ် ၆၅၀ဝ၊ ဧရာမင်းဆန်တစ်အိတ် ကျပ် ၁၃၀ဝ၀ဝ၊ ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည် ကျပ် ၁၁၀ဝ ၊ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ် ကျပ် ၂၅၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ကြက်သွန်နီဈေးနှုန်းအနေဖြင့် ကြက်သွန်နီ(ကြီး)တစ်ပိဿာ ကျပ် ၆၅၀ဝ၊ ကြက်သွန်နီ(လတ်) တစ်ပိဿာ ကျပ် ၆၀ဝ၀၊ ကြက်သွန်နီ (သေး)တစ်ပိဿာ ကျပ် ၃၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်ဖြူ လက်လီဈေးနှုန်းမှာကြက်သွန်ဖြူ (တရုတ်) တစ်ပိဿာ ကျပ်  ၈၀ဝ၀၊ ကြက်သွန်ဖြူ (ရှမ်းစ)  တစ်ပိဿာ ကျပ် ၁၅၀ဝ၀၊ ငရုတ်သီးခြောက်(အရှည်)တစ်ပိဿာ ကျပ် ၂၂၀ဝ၀၊  ငရုတ်သီးခြောက်(အပု)တစ်ပိဿာ ကျပ် ၃၂၀ဝ၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၃၀ဝ၀    ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

ကြက်ဥ လက်လီဈေးနှုန်းမှာ ကြက်ဥတစ်လုံး ကျပ် ၅၀ဝ မှ ၆၀ဝ ဖြင့် ရောင်းချလျက်ရှိပြီး အသား/ ငါးဈေးနှုန်းအနေဖြင့် ကြက်သား (CP) တစ်ပိဿာ ကျပ် ၃၂၀ဝ၀၊ မြန်မာကြက် တစ်ပိဿာ ကျပ် ၅၅၀ဝ၀၊ ဝက်သား(သုံးထပ်သား) တစ်ပိဿာ ကျပ် ၄၅၀ဝ၀၊ အမဲသား တစ်ပိဿာ ကျပ် ၄၀ဝ၀ဝ၊ ငါးကြင်း တစ်ပိဿာ ကျပ် ၃၂၀ဝ၀၊ ငါးမြစ်ချင်း တစ်ပိဿာ  ကျပ် ၃၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ 
စားသုံးဆီဈေးနှုန်းများမှာ ပဲဆီ (ရှယ်)တစ်ပိဿာ ကျပ် ၂၅၀ဝ၀၊ စား အုန်းဆီတစ်ပိဿာ ကျပ် ၁၀ဝ၅၀၊  နှမ်းဆီတစ်ပိဿာ ကျပ် ၂၂၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း  သိရသည်။  
ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ကြက်သား(CP)  တစ်ပိဿာ ကျပ် ၃၀ဝ၀၊ ငါးကြင်းတစ်ပိဿာ ကျပ် ၃၀ဝ၀၊ ငါးမြစ်ချင်း တစ်ပိဿာ ကျပ် ၂၀ဝ၀ ဈေးကျခဲ့ပြီး ကျန်အခြေခံစားကုန်များမှာ ဈေးတည်ငြိမ်လျက်ရှိကြောင်း သိရသည်။

တင့်တင့်ထွန်း (ကချင်)