Main menu

Background

မုံရွာမြို့နယ်ရှိ ကွမ်းဈေးနှုန်း ဈေးကွက်အခြေအနေ

Fri, 05/15/2026 - 10:38 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အောင်သာကျေးရွာတွင် ကွမ်းကို တစ်နိုင်တစ်ပိုင်အနေဖြင့်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပြီး မိုးစိုက်နှင့် ဆောင်းစိုက်ဟူ၍ စိုက်ပျိုးကြရာ မိုးစိုက်မှာ ပိုးကျလွယ်ပြီး ပျက်စီးဆုံးရှုံးမှုများသဖြင့် ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။
ကွမ်းကိုစိုက်ပျိုးရန်အတွက် ကွမ်းမျိုးဖြစ်သည့် ကွမ်းညွန့် တစ်ညွန့်လျှင် လက်ကားဈေး ငွေကျပ် ၅၀ဝ ခန့်ဖြင့်ဝယ်ယူကာ  တစ်ဧက၏ နှစ်ပုံတစ်ပုံခန့် သုည ဒသမ ၅ ဧက အကျယ်ရှိ ကွမ်းခြံ၌ ကွမ်းအညွန့် ၁၀ဝ၀-၁၁၀ဝ ခန့် စိုက်ပျိုးကြပြီး မျိုးအနေဖြင့် ကွမ်းနုဝါမျိုးကို အများဆုံး စိုက်ပျိုးကြကြောင်း၊ ကွမ်းကို စိုက်ပျိုးပြီး ၅-၆ လခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး  နေရာဒေသ၊ မြေအနေအထားနှင့် ကွမ်းမျိုးကောင်း မျိုးသန့်အပေါ်မူတည်၍  သုံးနှစ်မှ ၅ နှစ်အထိ ခူးဆွတ်ရရှိနိုင်သိရသည်။
စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧက၏ နှစ်ပုံတစ်ပုံခန့် သုည ဒသမ ၅ ဧကလျှင် ငွေ ကျပ် ၇၀ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ကွမ်းရွက်ကို ၁၀ ရက်ခြား တစ်ကြိမ်ခူးဆွတ်ရပြီး  တစ်ကြိမ်ခူးဆွတ်လျှင် ၂၀-၂၅ ပိဿာ ခန့် ထွက်ရှိ၍ တစ်လလျှင် ပိဿာချိန် ၅၀ - ၅၅ ခန့် ထွက်ရှိရာ ကွမ်းပင်များဖြစ်ထွန်းအောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်း ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် ဧပြီလ စတုတ္ထပတ်တွင်လက်ကားဈေး ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၇၅၀ဝ-၈၀ဝ၀ နှုန်းဖြင့် မုံရွာမြို့ပေါ်ရှိ ကွမ်းအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း၊ နွေရာသီ ရောက်ရှိလာပါသဖြင့် ကွမ်းအထွက်နှုန်းများကြောင်းကွမ်းစိုက်တောင်သူများထံမှသိရသည်။ 

စန်းစန်းဝေ (DOCA)