Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်၏ ၂၀၁၄ ခုနှစ် သြဂုတ်လ ကုန်သွယ်မှုမြှင့်တင်ရေးညှိနှိုင်း အစည်းအဝေးကျင်းပ

Fri, 09/12/2014 - 13:29 -- ydnar

မြဝတီကုန်သွယ်ရေးဇုန်၏ ၂၀၁၄ ခုနှစ် သြဂုတ်လ ကုန်သွယ်မှုမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၂၉ ရက်နေ့ နေ့လယ် ၁၁ း ၀၀ နာရီ အချိန် မှာ ကျင်းပခဲ့ပြီး၊ မြဝတီခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားလှယ် များ၊ One Stop Services အဖွဲ့ တာဝန်ခံများ၊ မြဝတီနယ်စပ်ကုန်သည် အသင်းဝင်လုပ်ငန်းရှင်များ၊ ကုမ္ပဏီ ဝန်ထမ်း ကိုယ်စားလှယ်များစုစုပေါင်း ၃၈ ဦးတက်ရောက်ခဲ့ကြပါတယ်။

 

အစည်းအဝေးမှာ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ပြည် တွင်း သို့ ဆေးဝါးများတင်သွင်းရာတွင်အမျိုးသားဆေးဝါးဥပဒေအရအထောက်အထားများမပါဝင်ဘဲဆေးဝါးများတင်သွင်းခွင့် မပြုပါကြောင်း ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့် ကြေငြာစာအမှတ် (၄၅/၂၀၁၄)အရသွင်းကုန်လိုင်စင်၊ပါမစ်မလိုဘဲတင်သွင်းသာကုန်ပစ္စည်းများအတွက် လိုင်စင်/ပါမစ်ကြေးကောက်ခံခြင်း အား ကင်းလွတ်ခွင့်ပြုကြောင်း ကြေငြာချက်ကိုလည်းကောင်း၊ မိမိတို့စခန်းအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပထမငါးလ၏ လစဉ်လုပ်ငန်းဆောင်ရွက်နိုင်မှု စာရင်းများအရ မြဝတီ-ရန်ကုန်လမ်း ကြောင်းတွင် ကကရ (ဗဟ) မှ ဦးစီး သည့်Mobile Team မှ တားဆီးထိန်း ချုပ်ခြင်းမရှိသေးသော ပထမသုံးလ ထက် Mobile Team မှ တားဆီး ထိန်းချုပ်လိုက်တဲ့ဇူလိုင်နှင့်သြဂုတ်လနှစ်လတွင်သွင်းကုန်ပမာဏသိသိသာသာတိုးတက်လာသည်ကိုသုံးသပ်တွေ့ရှိရပါကြောင်း၊ အနေဖြင့်ဘဏ္ဍာနှစ်၏ပထမငါးလပြည့်ချိန်တွင်ယခင်ဘဏ္ဍာနှစ်ကာလတူထက်ကုန်သွယ်မှုပမာဏပိုမိုကျော်လွန်ဆောင် ရွကီနိုင်ခဲ့ကြောင်း၊တစ်ဘက်နိုင်ငံမှထုတ်ပြနိသောကုန်သွယ်မှုစာရင်းများအရမိမိစခန်း၏ဆောင်ရွက်နိုင်မှုမှာတစ်ဘက်   နိုင်ငံထုတ်ပြန်ချက်ထက်ပမာဏများစွာ လျော့နည်းလျက်ရှိကြောင်း၊ မြဝတီကုန်သွယ်ရေးဇုန်တွင် ၂၀၀၈ ခုနှစ်၊စက်တင် ဘာ လ၁ရက်ကထုတ်ပြန်သတ်မှတ်ထားသော လုပ်နည်းစနစ်တစ် ခုဖြစ်သည့် ကုန်သွယ်ရေးဇုန်ဂိုဒေါင်များ တွင်စုပုံမည့် ကုန်ပစ္စည်းများချစ်ကြည်ရေး တံတားမှ ကုန်သွယ်ရေးဇုန်သို့ ယာဉ် တန်းစနစ်ဖြင့်ပို့ဆောင်ခြင်း၊ ဂိုဒေါင် တင်/ချမှတ်တမ်း လယ်ဂျာများထားရှိ၍အပြန်အလှန်ထိန်းကျောင်းသည့်စနစ်အား ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်ရန်လို အပ်နေပါကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။ လုပ်ငန်းရှင်များမှဘဏ်ဆောင်ရွက်ခသုညဒသမ၁၂၅ ရာခိုင်နှုန်း ပေးေ ဆာင်ရ ခြင်းအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ရ ကြောင်းတင်ပြမှုအပေါ် MICB, MFTB တွင်ငွေလွှဲဆောင် ရွက်စဉ် ဘဏ် ဆောင်ရွက်ခပေးဆောင်ပြီး /မပြီးပေး ဆောင်ပြီးက အခွန်နှစ်ထပ်မဖြစ်ရေး အထောက်အထားဖြင့်တင်ပြရန်နှင့် တင်ပြချက်အပေါ် မြန်မာ့စီးပွားရေး ဘဏ်မှ ရှင်းလင်းဆောင်ရွက်ပေးရန် ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရပါသည်။