တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့တွင် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ (၁၁) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တရုတ်-အာဆီယံ ယဉ်ကျေးမှု ဖလှယ် သောနှ စ်နှင့်တရုတ်-အာဆီယံပူးပေါင်း ခြင်း စိန်ရတု ဆယ်စုနှစ်၏ ပထမနှစ် (First year of Diamond Decade) အဖြစ်သတ်မှတ်ကျင်းပခဲ့ရာမြန်မာနိုင်ငံ မှနှစ်စဉ်ပါဝင်ပြသခဲ့သည့်အစဉ် အလာ အတိုင်းပါဝင်ပြသခဲ့ပါသည်။ အဆိုပါ ကုန်စည်ပြပွဲနှင့်အတူ တရုတ်-အာဆီယံ ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးကို ပူးတွဲကျင်းပပါသည်။
၎င်းကုန်စည်ပြပွဲနှင့်တရုတ်-အာဆီယံရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးသို့ပြည်ထောင်စုသမ္မတ မြန် မာ နိုင်ငံတော် ၊ ဒုတိယသမ္မတဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စား လှယ် အဖွဲ့တက်ရောက်ခဲ့ပါ သည်။ ထို့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်ဦးဆောင်၍အဖွဲ့ဝင်များအဖြစ် ကုန် သွယ်မှုမြှင့်တင်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးတိုးအောင်မြင့်၊ဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ် ဒေါက်တာ မောင်အောင် ၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ ညွှန်ကြားရေးမှူး ဒေါ်နော်မူတာကပေါ တို့လည်း၎င်း ကုန်စည်ပြပွဲသို့ပါဝင်တက်ရောက်ခဲ့ ကြပါသည်။၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်း တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ဒုတိယသမ္မတဦးဉာဏ်ထွန်း၊စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံ၊ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌဦးဝင်းအောင်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးသစ်လင်း အုန်း တို့သည် နန်နင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပြပွဲ ဗဟိုဌာန (Nanning International Convention and Exhibition Centre) သို့ရောက်ရှိပြီး (၁၁) ကြိမ် မြောက်တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ မြန်မာကုန်စည်ပြ ခန်းဆောင် (My-anmar Commodity Hall)ကို ဖဲကြိုး ဖြတ်၍ဖွင့်လှစ်ပေးသည်။ ယင်းနောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် အဖွဲ့သည်ခင်းကျင်းပြသထားသည့်မြန်မာကုန်စည်ပြခန်းများ ကို၊လှည့် လည်ကြည့်ရှုအားပေးရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ချုပ် ဥက္ကဋ္ဌဦးဝင်းအောင်နှင့် တာဝန်ရှိသူများကလိုက်လံပြသကြ ပါသည်။ ယခုနှစ်ကျင်းပသည့် (၁၁) ကြိမ် မြောက် တရုတ်-အာဆီယံကုန်စည် ပြပွဲသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင် ငံ သစ်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်း ရှင်များအသင်း၊မူဆယ်- နမ့်ခမ်း နယ်စပ်ကုန် သွယ်ရေး ကုန်သည်များအသင်း၊ သမဝါယမ အသင်းများမှ စီးပွားရေး လုပ်ငန်းရှင်များက ပြခန်းပေါင်း (၈၄) ခန်းရ ယူ၍ မြန်မာ့ထွက်ကုန်ပစ္စည်းများဖြစ်သော သစ်တောထွက်ပစ္စည်း များ၊ ကျောက်မျက်ရတနာပစ္စည်းများ၊ လယ်ယာထွက်ကုန်ပစ္စည်းများကို ခင်းကျင်းပြ သကြကြောင်း သိရှိ ရပါသည်။