(၁၁) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရေ ဒသ၊ နန်နင်းမြို့တွင် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ကုန်စည်ပြပွဲ သို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ အကြီးအကဲများ တက်ရောက်ခဲ့ရာ မြန်မာနိုင်ငံမှ
ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်ခဲ့ပြီး (၁၁) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏မြန်မာ ကုန်စည်ပြ ခန်းဆောင်ကို ဖဲကြိုးဖြတ် ၍ဖွင့်လှစိပေးခဲ့ပါသည်။
ထို့အပြင် ကုန်စည်ပြပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ဦးဆောင် ၍ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် အပါအဝင် စီးပွားရေးဆိုင် ရာကုန်သည် အသင်းအဖွဲ့များနှင့် သမဝါယမအသင်းအဖွဲ့များမှ စီးပွားရေးလုပ်ငန်းရှင် ၃၄၁ ဦး သွားရောက်ခဲ့ပြီး ကုမ္ပဏီ စုစုပေါင်း ၁၂၅ ခုတို့မှ ကုန်စည်ပြခန်း ၈၄ ခန်း ပြသခဲ့ပါသည်။
အဆိုပါ ကုန်စည်ပြပွဲကျင်းပနေစဉ်(၁၂)ကြိမ်မြောက် တရုတ် အာဆီယံကုန်စည်ပြပွဲအတွက်အကြီးတန်းအရာရှိများတွေ့ ဆုံဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားတွင်တရုတ် အာဆီယံကုန်စည်ပြပွဲ ကျင်းပရေးကော်မတီမှ ကုန်စည်ပြပွဲနှင့်သက်ဆိုင်သည့်ဆုများ ချီးမြှင့်ရာတွင် မြန်မာနိုင်ငံအနေဖြင့် ကုန်ပစ္စည်း အမယ်များ ခင်းကျင်းမှုအကောင်းဆုံးဆု (11th CAEXPO Best Galleria of Brands) ဆု၊ နှစ်လို ဖွယ်မြို့ပြ ခန်းဆောင် အကောင်းဆုံးဆု(11th CAEXPO Best City of Charm Pavilion) နှင့် ပြပွဲပြသသူများစုစည်းနိုင်မှုအေ ကာင်းဆုံးဆ (11th CAEXPO Best Exhibitor Organizer) တို့ရရှိ ခဲ့ကြောင်း သတင်းရရှိပါသည်။