Main menu

Background

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးကဏ္ဍတွင် နှစ်ဦးနှစ်ဖက်ခွင့်ပြုသည့် ငွေကြေးဖြင့် ပုံမှန်ကုန်သွယ်မှုပြုလုပ်တော့မည်

Mon, 01/18/2016 - 15:25 -- journal_editor

မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ် ရေးကဏ္ဍ၌ ကုန်ပစ္စည်းဖလှယ်တဲ့စနစ် (Barter System) ကို၂၀၁၅ ခုနှစ် ဒီဇင် ဘာလ ၁ ရက်မှစတင်ရပ်ဆိုင်းပြီး နှစ်ဦးနှစ်ဖက်ခွင့်ပြုသည့် ငွေကြေးဖြင့် ပုံမှန် ကုန်သွယ်မှု(Normal Trade)  ပြုလုပ် မည်ဖြစ်ကြောင်း အိန္ဒိယဗဟိုဘဏ်က အမိန့်ထုတ်ပြန်လိုက်သဖြင့် ကုန်သွယ်မှု များ ယာယီရပ်ဆိုင်းခဲ့ရတယ်လို့ ဇန်နဝါရီလ ၅ ရက်က ပြုလုပ်တဲ့ တမူး ကုန်သွယ်ရေးစခန်း ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ စခန်း တာဝန်ခံကပြောကြားလိုက်ပါတယ်။လက်ရှိကုန်သွယ်မှုအရ နှစ်နိုင်ငံ ကုန် သည်များ ဆောင်ရွက်နိုင်မယ့် ဘဏ် လုပ်ငန်းပိုင်းမှာ တမူးမြန်မာ့စီးပွားရေး ဘဏ်အနေနဲ့ LC/TT စနစ်ဖြင့် ဆောင် ရွက်ရန်အဆင်သင့် မဖြစ်သေး၍ ကုန် စည်စီးဆင်းမှုလျော့နည်းခဲ့ကြောင်း၊သို့သော် တမူးမြန်မာ့စီးပွားရေးဘဏ်နဲ့အိန္ဒိယဘဏ်တို့မှာCorrespondent ရှိပြီးဖြစ်တဲ့အတွက်ပုံမှန်ကုန်သွယ်မှု (Normal Trade) ကို နိုင်ငံခြားငွေ စာရင်းဖွင့်ပြီး ဆောင်ရွက်ပါက အဆင် ပြေစွာနဲ့ ချက်ချင်းလုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ ကွမ်းသီးတင်ပို့မှုကို TT (Tele-graphic Transfer) စနစ်နဲ့ ကုမ္ပဏီ တစ်ခုကဆောင်ရွက်နေပြီဖြစ်လို့ ကျန် လုပ်ငန်းရှင်များလည်း LC/TT  စနစ်နဲ့ကြိုးပမ်းဆောင်ရွက်ကြရန် စခန်းတာဝန် ခံက တိုက်တွန်းပြောကြားခဲ့ပါတယ်။ ပုံမှန်ကုန်သွယ်ရေး စနစ်သို့ ပြောင်းလဲ ရန် အိန္ဒိယက လိုလိုလားလားနဲ့ ကမ်းလှမ်းလာတဲ့အတွက် ရှေ့ဆက်ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ရန် စီစဉ်နေတယ် လို့ သိရပါတယ်။ ကုန်ပစ္စည်းချင်း ဖလှယ် တဲ့စနစ်မှာ အားနည်းချက်များစွာ ရှိတဲ့ အတွက်ပုံမှန်ကုန်သွယ်ရေး စနစ်သို့ ပြောင်းလဲခြင်းဟာ ကောင်းမွန်တဲ့ လုပ် ဆောင်ချက်တစ်ခုဖြစ်ကြောင်းလည်း စီးပွားရေးလုပ်ငန်း ရှင်များက ပြောကြားပါတယ်။ကလေး-တမူး-ကလေး၀ နယ်စပ် ကုန်သည်များအသင်း အလုပ်အမှုဆောင် ကော်မတီဝင် ဦးမြင့်ဋ္ဌေးက တစ်ဖက် အိန္ဒိယနိုင်ငံနဲ့ LC/TT  စနစ်ဖြင့် ဆောင် ရွက်နိုင်မည်ဆိုက အထူးပင်ကောင်းမွန်ေ ကြာင်း၊ အစတွင် အခက်အခဲနဲ့ ကြုံ တွေ့နိုင်သော်လည်း နောင်တွင် အဆင် ပြေချောမွေ့မှာဖြစ်ကြောင်း၊ ယခင် ပစ္စည်းများ ဖလှယ်တဲ့စနစ် ကျင့်သုံးစဉ်က မိမိဘက်မှပစ္စည်းပေးပို့ပြီးပါက ငွေကြေးဆုံးရှုံးမည်ကို စိုးရိမ်ခဲ့ရကြောင်း၊ မိမိမကြိုက်နှစ်သက်တဲ့ ပစ္စည်းအား လက်ခံရယူခဲ့ရတဲ့ အခက်အခဲများကိုရင်ဆိုင်ခဲ့ရကြောင်း၊ ယခု LC/TT စနစ် သည် မိမိတို့ ဆုံးရှုံးမှု စိုးရိမ်မှုများကို ကျော်လွှားနိုင်တော့မည်ဖြစ်၍ LC/TT  စနစ်အောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်း ကြစေလိုကြောင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။   

MIRT