Main menu

Background

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလအတွင်း ကုန်သွယ်မှုပမာဏပိုမိုဆောင်ရွက်

Mon, 01/18/2016 - 15:50 -- journal_editor

မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့ သောင်းကုန်သွယ်ရေးစခန်းက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း ပို့ကုန် ကန်ဒေါ်လာ ၄ ဒသမ ၅၉၈ သန်း၊ သွင်းကုန် ကန်ဒေါ်လာ  ၉ ဒသမ၉၅၅ သန်း၊ ကုန်သွယ်မှုပမဏ ကန်ဒေါ်လာ  ၁၄ ဒသမ ၅၃၃ သန်းဆောင်ရွက်နိုင်သဖြင့် အနီးစပ်ဆုံးကာလထက် ပို့ကုန် ကန်ဒေါ်လာ  သုည ဒသမ ၀၉၇ သန်း၊သွင်းကုန်ကန်ဒေါ်လာ ၁ ဒသမ ၂၆၂ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ  ၁ ဒသမ ၃၅၉  သန်းပိုမိုခဲ့ပြီးယမန်နှစ်ကာလ တူ ထက်ပို့ကုန်ကန်ဒေါ်လာသုည ဒသမ၉၂၀ သန်း၊ သွင်းကုန်ကန်ဒေါ်လာ ၂ ဒသမ ၇၃၁ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ  ၃ ဒသမ ၆၅၁ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ကော့သောင်း ကုန်သွယ်ရေး စခန်းရဲ့ ဒီဇင်ဘာ လ ကုန်သွယ်မှု ပမာဏဟာ အနီးစပ်ဆုံးကာလထက် ရော ယမန်နှစ်ကာလတူထက်ပါ ပိုမို ရခြင်းမှာ ပို့ကုန်ပိုင်းတွင် ရေထွက်ပစ္စည်း ပိုမို တင်ပို့နိုင်၍ဖြစ်ပြီး သွင်းကုန်ပိုင်းတွင်ရင်းနှီးမြှုပ်နှံမှုပစ္စည်းနဲ့ လူသုံးပစ္စည်း များပိုမို တင်သွင်းနို င်ခဲ့၍ဖြစ်ပါတယ်။ကော့သောင်း ကုန်သွယ်ရေး စခန်းမှဒီဇင်ဘာလအတွင်း အများဆုံး တင်ပို့တဲ့ ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ၊ ကင်းမွန်၊ အခြားရေထွက်ပစ္စည်း၊ ပုစွန်၊ ရော်ဘာ၊ သစ်ခွဲသား၊ပင်လယ် ငါးရှဉ့် ၊ ဆီအုန်းကြိတ်ဖတ်၊ရေဘဝဲ နဲ့ ကဏန်း တို့ဖြစ်ပြီး အများဆုံး တင်သွင်းတဲ့ ကုန် ပစ္စည်းများမှာ ဘိလပ်မြေ၊ အားဖြည့် အချိုရည်၊ သကြား၊ ဆာလ်ဖာ၊ ဒီဇယ်ဆီ၊ ဓာတ် မြေသြဇာ၊ ငါးဖမ်းပိုက်နဲ့ ရေချိုးဆပ်ပြာရည်တို့ ဖြစ်ပါတယ်။            
ခင်မြနွယ်