Main menu

Background

ရှမ်းပြောင်းကို ရှမ်းတောင်သူတို့ ဈေးထိန်းပြီး ရောင်းချနေ

Wed, 01/20/2016 - 12:18 -- journal_editor

ဒီတစ်ပတ် ရှမ်းပြောင်းက အဝင်နည်းသွားပါတယ်။နယ်အစုံက ထွက်တဲ့ ပြောင်းတွေက ဈေးကွက်ကို ဝင်နေတော့ ပြောင်းဈေးကလည်းအေးလာပါတယ်။ ဒါကြောင့်ရှမ်းပြည်နယ်က တောင်သူတွေက ဈေးကွက်မှာ ထုတ်မရောင်းေ တာ့ဘဲ၊ ထိန်းပြီးရောင်းနေလို့  အဝင်လည်းနည်းသွားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီးတော့ ဈေးကတောက်လျှောက်ကျလာတယ်လို့လည်း သိရပါတယ်။ ရှမ်းတောင်က ပြောင်းကိုတော့ ရန်ကုန်၊ မန္တလေးက အဓိကဝယ်ယူပါတယ်။ အဲဒီဝယ်လက် တွေ က တိရစ္ဆာန်အစာပြုလုပ်ဖို့ဝယ်တာလို့လည်းသိရပါတယ်။ တောင်ကြီးဈေးကွက်ကိုဝင်တဲ့ပြောင်းတွေမှာတောင်တိရစ္ဆာန်အစာအတွက်သန့်စင်ပြီးထိပ်စတွေကို သာဝယ်ယူပြီးအဲဒီထိပ်စေ တွ ကိုတောင်မှအစာစပ်ကုမ္ပဏီတွေက တစ်ခုနဲ့ တစ်ခုဝယ်ယူတာတောင်မတူပါဘူး။ တက်ချောင်ကုမ္ပဏီက တစ်ပိဿာ    ၃၉၅ ကျပ်-၄၀၀ ကျပ်၊မေခကုမ္ပဏီက ၄၂၀ ကျပ်၊  စီပီကုမ္ပဏီက ၄၂၂ ကျပ်နဲ့ ဝယ်ယူတယ်လို့ သိရပါ တယ်။ ရှမ်းပြောင်းကို အမြဲဝယ်ယူနေတဲ့ စီပီကုမ္ပဏီကတော့ တစ်နှစ်ကိုတိရစ္ဆာန်အစာအတွက် တန်ချိန် နှစ်သောင်း၊ နှစ်သောင်းခွဲခန့်ဝယ်ယူလေ့ရှိပြီး၊ ဒီနှစ်လည်း ဝယ်ယူနေတာ သတ်မှတ် ထားတဲ့ တန်ချိန်ရဲ့ တစ်ဝက်သာ ဝယ်ရသေး တာကြောင့် နှစ်လပိုင်း၊သုံးလပိုင်းအထိ ဆက်ပြီး ဝယ်ယူရဦးမှာလို့လည်း တာဝန်ရှိသူတစ်ဦးထံက သိရပါတယ်။ လောလော ဆယ်တော့ ပြည်ပဝယ်လက် ဖြစ်တဲ့ မူဆယ်ဝယ်လက်တွေကရှမ်းပြည်နယ်မြောက် ပိုင်းကပြောင်းကို သာ ဝယ်ယူနေလို့ ရှမ်းတောင်ပြောင်းက အရောင်းအဝယ်အနည်း ငယ်အေးနေပြီး တစ်ပိဿာကို ၃၈၀ ကျပ်-၃၈၅ ကျပ်ဈေးပေါက်တယ်လို့ သိရပါတယ်။                                                                           
 ဧဧခိုင်-တောင်ကြီး