Main menu

Background

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ငွေချည်-၆ ဝါ ပြန်လည်တင်ပို့

Wed, 01/20/2016 - 12:28 -- journal_editor

ဇန်နဝါရီလပထမပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၆၄၂၇၅၀ တန်ဖိုးရှိ ငွေချည်-၆ ဝါဂွမ်း ၂၅၇ တန် ကျော်တင်ပို့ခဲ့ပါတယ်။ အောက်တိုဘာလက ဝါဂွမ်း ၁၅ တန် နောက်ဆုံးတင်ပို့ခဲ့ပြီး ယခု ပြန်လည်တင်ပို့ခဲ့တာ  ဖြစ်ပါတယ်။ ယခင်က ဝါဂွမ်း တစ်တန်ရဲ့ လိုင်စင်ဈေးဟာ ၂၂၀၀ဒေါ်လာဖြစ်ပြီးယခုပြန်လည်တင်ပို့တဲ့  အချိန်မှာတော့ တစ်တန်ကို ၂၅၀၀ဒေါ်လာရှိတယ် လို့သိရပါတယ်။ငွေချည်-၆ ဝါ စိုက်ပျိုးမှုကို တောင်တွင်းကြီး၊ပျော်ဘွယ်၊ ရမည်းသင်း၊ စလေ၊ ချောက်၊ အောင်လံ၊ ပေါင်းတည်နဲ့ ဝက်ထီးကန်ဒေသများမှာ အများဆုံးစိုက်ပျိုးကြပြီးတရုတ်နိုင်ငံဈေးကွက်သို့ အဓိကတင်                        ပို့ရောင်းချလျက်ရှိကြောင်းသိရပါတယ်။
မော်မော်အောင်