မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းနဲ့ မြိတ် ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်တာကာလအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၂၈၂ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၄၄၁၇ တန် ကျော်တင် ပို့နိုင်တဲ့အတွက် ယခင် သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက၁၂၆၇ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်မှ ကန် ဒေါ်လာ သုည ဒသမ ၁၁၉ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၆၂တန်ကျော်၊ ကဏန်း ၁၄ တန်ကျော်၊ ပုစွန် ၂ တန်ကျော် တင်ပို့ နိုင်တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၀ တန်ကျော် ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ကော့သောင်းကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၄၇၃ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၅၄၆တန်ကျော်၊ ပုစွန်၃တန်ကျော်၊ကင်းမွန် ၅ တန် ကျော်၊ ကဏန်း ၁၀ တန်ကျော်နဲ့ တခြားရေထွက်၁၃တန်ကျော်တင်ပို့နိုင်တဲ့အတွက်ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ်ပါ က၁၃၄တန်ကျော်လျော့နည်းတင်ပို့ခဲ့ပါ တယ်။မြိတ် ကုန် သွယ်ရေးစခန်းမှလည်း ကန်ဒေါ်လာ ၄ ဒသမ ၆၉၀ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၁၆၅၁ တန်ကျော်၊ ငါးမှုန့် ၁၈၆၂ တန်ကျော်၊ ရေငန်ပုစွန် ၅၃ တန်ကျော်၊ အေးခဲကဏန်းပျော့ ၃၄ တန်ကျော်၊ ကဏန်းနီ ၇၆ တန်ကျော်၊ ကင်းမွန် (အခွံချွတ်) ၁၁ တန်ကျော်၊ ကင်းမွန် ၃၆ တန်ကျော်၊ ငါးအသားလွှာ ၂၄ တန်နဲ့ ကင်းမွန်ခေါင်း ၈ တန်ကျော် တင်ပို့နိုင်တဲ့အတွင် ယခင်သီတင်းပတ် နဲ့ နှိုင်းယှဉ်ပါက တန် ၂၆၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ခင်မြနွယ်
Background