မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ် ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်တာသီတင်းပတ်အတွင်း ဒေါ်လာ ၈၉၈၁၉ တန်ဖိုးရှိ ငါးစုံလေးခြောက်ကီလို ၁၁၀၄၇၈ ၊ ငါးနီတူ ခြောက် ၃၀၀၀၀ ကီလိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်ထက် ယခုသီတင်းပတ်မှာ ဒေါ်လာ ၂၀၄၀၄ ဖိုးပိုမိုတင်ပို့ခဲ့ပါတယ်။မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင် ပြည်နယ်ထွက် ငါးခြောက်မျိုးစုံ အဓိကတင်ပို့ နေရပြီး ငါးစုံ လေးခြောက်နဲ့ ငါးနီတူခြောက်များမှာ အများဆုံးတင်ပို့တဲ့ ပို့ကုန်များဖြစ်ကြောင်း ငါးခြောက်တင်ပို့သူတစ်ဦး ထံမှသိရပါ တယ်။ ငါးခြောက်က မိုးတွင်းမှာ တင်ပို့မှုနည်းပါးပြီး ပွင့်လင်း ရာသီတွင် တင်ပို့တဲ့ပမာဏ များပါတယ်။ အခုဆိုရင် သံတွဲ ၊ စစ်တွေဘက်ကငါးခြောက်တွေ တော်တော်များများ ဝင်လာ ပြီဖြစ်တယ်လို့ ကုန်သည်များထံမှ သိရပါတယ်။
မြင့်မြင့်မာ
Background