Main menu

Background

နှမ်း တင်ပို့မှု သိသိသာသာလျော့နည်း

Tue, 02/23/2016 - 12:30 -- journal_editor

             ဖေဖော်ဝါရီလ ဒုတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ  ကန်ဒေါ်လာ သုည  ဒသမ ၀၅၉ သန်းတန်ဖိုးရှိ နှမ်းနက် ၄၉ တန် တစ်မျိုးတည်းသာ တင်ပို့ခဲ့ပါတယ်။  ယခင်ရက်သတ္တပတ်က ချင်းရွှေဟော်မှ နှမ်းရောင်စုံ ၁၇၅၉ တန် တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်ရဲ့ နှမ်းတင်ပို့မှု သိသိသာသာလျော့နည်းသွားတာတွေ့ရပါတယ်။ မူဆယ် (၁၀၅) မိုင်  နှမ်းတင်ပို့မှုမရှိတာ တစ်လကျော်ရှိခဲ့ပေမယ့်  နှမ်းဖြူဈေးမှာယခင်တစ် ပတ်က ၁၅၁၄၅၇၁ ကျပ်မှ ၁၅၁၇၄၆၂ ကျပ်သို့လည်း ကောင်း၊ နှမ်းနက်ဈေးမှာ ၁၈၉၅၅၂၄ ကျပ်မှ ၁၈၉၉၁၄၁ ကျပ်သို့လည်းကောင်း ဈေးမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

မော်မော်အောင်