မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ မတ် ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း ကန် ဒေါ်လာ ၃ ဒသမ ၃၀၅ သန်း တန်ဖိုးရှိ ဖရဲသီး ၃၁၁၀၀ တန်၊ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ် ရေး စခန်းမှ ကန်ဒေါ်လာ ၃၂၇၆၀ တန်ဖိုးရှိ ဖရဲသီးတန် ၂၀၀ နဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ ရိဒ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၄၁ သန်း တန်ဖိုးရှိ ဖရဲသီး ၃၃၃ တန်ခွဲ တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်က ပုံမှန် တင်ပို့နေကျဖြစ်တဲ့မူဆယ်နယ်စပ်ကသာဖရဲသီးတန်ချိန် ၁၇၇၅၀ တင်ပို့ခဲ့တာပါ။မန္တလေးအနီးပတ်ဝန်းကျင်များမှဖရဲသီးထွက်ရှိမှု များပြားလာတာ ကြောင့် တရုတ်ပြည်သို့ တင်ပို့တဲ့ ဖရဲသီးဈေးကွက်မှာ ဖရဲသီးစထွက်သည့် ဒီဇင် ဘာလကုန်ခန့်မှဇန်နဝါရီလအတွင်း ဈေးနှုန်းများမြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီလ တတိယပတ်မှစတင်ကာ ဈေးကျဆင်းသွားကြောင်းသိရပါတယ်။ မူဆယ်ကုန်စည်ဒိုင်သို့ တစ်ရက်လျှင်ဖရဲကား ကားစီးရေ ၁၅၀-၂၅၀ ခန့်အထ ိအဝင်ရှိပါတယ်။ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့မှာ ရိဒ်ရေကန်သို့ အလည်အပတ်ခရီးလာရောက်သူများပြားခြင်းတို့ကြောင့် နွေရာသီကာလနှင့် ပွင့်လင်းရာသီကာလတွင်လူစည်ကားပြီး ဖရဲသီးရောင်းဝယ်မှု ဈေးကွက်ဖြစ်ထွန်း လျက်ရှိကြောင်း၊ ရိဒ်ဒေသကို တင်ပို့တဲ့ ဖရဲသီးများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တစ်ဝိုက်မှ ဝယ်ယူလာခြင်း ဖြစ်ကြောင်းသိရပါတယ်။
မော်မော်အောင်