မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းကုန်သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းတို့မှ ၂၀၁၆ ခုနှစ် မတ်လ ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း ကန်ဒေါ်လာ ၄ ဒသမ၇၄၂ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၄၂၁၆ တန်ကျော်တင်ပို့ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက ၇၅၂ တန်ကျော် လျော့နည်း တင်ပို့ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၂၈ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၆၂ တန်ကျော်၊ ကဏန်း ၂၄ တန်ကျော်နဲ့ ပုစွန်သုံးတန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ငါးတန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ကော့သောင်းကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၂၂၉ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၁၄၀၂ တန်ကျော်၊ ပုစွန်ကိုးတန်ကျော် ၊ ကင်းမွန် ၃၁ တန်၊ အခြားရေထွက် ၅၁ တန်ကျော်၊ ပင်လယ်ငါးရှဉ့် သုံးတန်ကျော်၊ ကဏန်း တစ်တန်ကျော်နဲ့ ရေဘဝဲတစ်တန် ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၇၁၈ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။မြိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃ ဒသမ ၃၈၅ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၁၅၈၈ တန်ကျော်၊ ငါးမှုန့် ၈၈၈ တန်ကျော်၊ ရေငန်ပုစွန် ၇၅ တန်ကျော်၊ ကင်းမွန် (အခွံချွတ်)၁၆ တန်ကျော်၊ ဂဏန်းနီ ၂၅ တန်ကျော်၊ ငါးအသားလွှာ ၂၄ တန်၊ ကင်းမွန်(ခေါင်း)ခုနစ် တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၂၈ တန်ကျော်လျော့ နည်းတင်ပို့ခဲ့ပါတယ်။
ခင်မြနွယ်