အိန္ဒိယအစိုးရက အမေရိကန်သို့ ခွဲတမ်းစနစ်နဲ့စက်မှုကုန်ကြမ်းသကြားကြမ်းတန်ချိန် ၇၂၃ တန်တင်ပို့ဖို့ ခွင့်ပြုမိန့်ကိုချပေးလိုက်တယ်လို့ မတ် ၂၃ ရက်က moneycontrol. အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီလိုခွဲတမ်းချထားပေးလိုက်တာဟာရော်ဘာဈေးကိုအထောက်အကူပြုစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။အဆိုပါခွဲတမ်းစနစ်TRQ (tariff rate quota)နဲ့တင်ပို့ခြင်းဆိုတာကသတ်မှတ်ထားတဲ့ပမာဏတစ်ခုကို သတ်မှတ်အခွန် နှုန်းထက်လျော့နည်းပေးဆောင်ခွင့် ပြုထားခြင်းဖြစ်ပါတယ်။TRQ နဲ့တင်ပို့မယ့်ပြောင်း ၇၂၃ တန်ကို စက်တင်ဘာလ ၃၀ ရက်အထိကာလအတွင်းတင်သွင်းရမှာဖြစ်တယ်လို့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်ပကုန်သွယ်ရေး အထွေထွေဦးစီးဌာနDGFT (Directorate General of Foreign Trade) ရဲ့ ပြည်သူသို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အကယ်၍ TRQနဲ့ တင်သွင်းခွင့်ရထားတဲ့ခွဲတမ်းပမာဏထက်ကျော်လွန် တင်ပို့ မယ်ဆိုရင်တော့ သတ်မှတ်အခွန်နှုန်းထားအတိုင်းပေးဆောင်သွားရမှာ ဖြစ်ပါတယ်။ အကယ်၍ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်(Certificate of country) လိုအပ်ပါကလည်း မွမ်ဘိုင်းရှိDGFT ဌာနအနေနဲ့အမေရိကန်သို့ သကြားတင်ပို့မှု အတွက် ထုတ်ပေးမယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ဒုတိယသကြား အများဆုံးတင်ပို့သောနိုင်ငံဖြစ်ပြီးဘရာဇီးလ်နိုင်ငံကထိပ်ဆုံးမှာရှိနေပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာအိန္ဒိယမှ ပြည်ပသို့ သကြားတင်ပို့မှု ပမာဏ တန်ချိန် ၂၂၁ ဒသမ ၃၀ သိန်းကျော်ရှိပြီး ယမန်နှစ်ကာလတူ တင်ပို့မှုကလည်း ၂၂၁ ဒသမ ၅၇ သိန်းတင်ပို့နိုင်ခဲ့တယ်လို့ moneycontrol. အွန်လိုင်းသတင်းမှာ ဖော်ပြထားပါ တယ်။
CMK
Background