Main menu

Background

ဟိုပုံးဈေးကွက် ချင်းခြောက်ကို မူဆယ်ဝယ်လက်အဝယ်သွက်

Thu, 04/07/2016 - 13:15 -- journal_editor

   ဟိုပုံးဈေးကွက်ကိုဝင်တဲ့ ချင်းစိုက အရောင်းအဝယ်သိပ်မဖြစ်လို့ တောင်သူ တွေ အခြောက်အဖြစ်သာ ပြုလုပ်လာကြပါတယ်။ ချင်း (စို) က ဝယ်လက်ကို စောင့်ရင်းနဲ့ အရောင်းအဝယ်မဖြစ်တော့တာ ကြောင့်ချင်း(ညံ့)၊ ချင်း (ကောင်း) တွေကိုပါတစ်ခါတည်းပြုတ်ခြောက် လုပ်လိုက်ရ တယ်လို့ဈေးကွက်ကသိရပါတယ်။ အစိုဈေးကအညံ့စဆိုရင် တစ်ပိဿာ ၃၀၀ ကျပ်၊ ထိပ်စ ဆိုရင် ၃၅၀ ကျပ်-၄၀၀ ကျပ်ခန့်သာရှိပြီး၊ဝယ်လက်လည်းမရှိလို့ အခြောက်ပြုလုပ်ကြပါတယ်။ ဟိုပုံးချင်းခြောက်တွေ ကိုတော့မူဆယ်ဝယ်လက်တွေက ဝယ်ယူနေ ပြီး တစ်ပိဿာ ၂၀၀၀ ကျပ် ဈေးပေါက် နေပါတယ်။ ချင်းခြောက်ကလည်း ဈေးကွက်မှာ အဝင်ပုံမှန်ရှိသလို အရောင်းက လည်း ပုံမှန်ရှိနေပါတယ်။မူဆယ်ဝယ်လက်တွေက တစ်ပတ်အတွင်းမှာ ချင်းခြောက်ပိဿာချိန်ပေါင်းငါးသောင်းခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။အောင်ပန်းဈေးကွက်မှာတော့ ချင်းစိုက ပုံမှန်အဝင်ရှိနေပြီး ပြည်တွင်းသုံးနဲ့ လှောင်လက်တွေဝယ်ယူနေလို့ အရောင်းသွက်လာတယ်လို့ သိရပါတယ်။ ရန်ကုန်၊ တပ်ကုန်း၊ နေပြည်တော် စတဲ့မြို့တွေကဈေးပတ်သမားတွေက အလှူရာသီဖြစ်တာ ကြောင့်ချင်းထိုးဖို့အတွက်ဝယ်ယူမှုရှိသလို၊ လှောင်လက် တွေဖြစ်တဲ့စစ်တွေ၊ ပြည်၊ မုံရွာ စတဲ့မြို့တွေကလည်းအဝယ်ရှိနေပါတယ်။ တစ်ပတ်အတွင်းချင်းစို ပိဿာချိန် ပေါင်း ၁ ဒသမ ၂၅ သိန်းနဲ့ ချင်းခြောက်ပိဿာချိန် သုည ဒသမ ၇ သိန်း အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ အောင်ပန်းဈေးကွက်မှာ  ချင်းစိုတစ်ပိဿာ  ပေါက်ဈေးက အနိမ့်ဆုံး ၃၅၀ ကျပ်မှ အမြင့်ဆုံး ၆၀၀ ကျပ်၊ ချင်းခြောက်က အနိမ့်ဆုံး ၁၈၀၀ ကျပ်မှ အမြင့်ဆုံး ၂၂၀၀ ကျပ်ဈေးရှိပါတယ်။                             
ဧဧခိုင်-တောင်ကြီး