Main menu

Background

မူဆယ်မှ ကြက်သွန်နီတင်ပို့ပြီး တမူးမှကြက်သွန်ဖြူတင်ပို့

Wed, 05/23/2018 - 13:29 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှ မေ ၅ ရက်မှ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ သုည  ဒသမ ၃၂၀ သန်းတန်ဖိုးရှိ ကြက် သွန်နီ ၁၀၆၈ တန်ကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က တန် ၁၂၄၀ တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ်မှာ ၁၇၂ တန်လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းမှလည်း အဆိုပါ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၁၇၆ တန်ဖိုးရှိ ကြက်သွန်ဖြူ  ခြောက်တန်ကျော်ကို အိန္ဒိယ နိုင်ငံသို့ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

ကြက်သွန်တစ်ဧကကို စိုက်ပျိုးစရိတ်ကျပ် ၁၀ သိန်းဝန်း ကျင်ခန့်ကုန်ကျပြီး ယခင်နှစ်က တစ်ပိဿာကို ကျပ် ၃၅၀ ကျော် ရရှိကာ ယခုနှစ်ကျပ် ၇၀၀ - ၈၀၀ အထိရရှိကြောင်း၊ ဖြစ်နိုင်လျှင် ကြက်သွန်တစ်ပိဿာကိုကျပ် ၁၀၀၀ နဲ့ ရောင်းချင်ကြောင်း  အောင်လံမြို့မှ ကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောပါတယ်။                                                              

မော်မော်အောင်