Main menu

Background

မူဆယ်(၁၀၅)မိုင်မှ ၁၅ရက်အတွင်း ကျွဲ၊ နွား အကောင်ရေ ၆၆၈၀ ကောင် တင်ပို့နိုင်ခဲ့

Thu, 05/31/2018 - 15:30 -- journal_editor

ရှမ်းပြည်နယ်အတွင်း အကြီးမားဆုံး ကုန်သွယ်ရေးစခန်းဖြစ်တဲ့ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မေ ၁ ရက်မှ ၁၅ရက် အထိကျွဲ၊ နွား ၆၆၈၀ ကောင်ကို တစ်ဖက်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

            မေ ၁ ရက်မှ ၁၅ ရက်အထိ ကျွဲ ၁၂၇၅ကောင်နှင့် နွား ၅၄၀၅ ကောင် တင်ပို့ခဲ့ပါတယ်။ ကျွဲတစ်ကောင်ကို မြန်မာငွေကျပ် ၁၉ သိန်းမှ ကျပ် ၂၁ သိန်းခန့် ဈေးရှိကြောင်းသိရပြီး  နွားတစ်ကောင်ကို အနိမ့်ဆုံး ကျပ် ၁၆သိန်းမှ ကျပ် သိန်း၂၀ ကျော်အထိ ဈေးရှိတယ်လို့ သိရပါတယ်။ ဆိတ်အရှင် ၄၀၉၅ ကောင်ကိုလည်း တစ်ဖက်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ ပါတယ်။ ဆိတ်တစ်ကောင်လျှင် ၃၁ ကီလိုခန့်ရှိပြီး တစ် ကီလိုလျှင် မြန်မာကျပ်ငွေနှင့် အနိမ့်ဆုံး ကျပ် ၄၄၁၀မှ အမြင့်ဆုံး ၄၄၃၁ကျပ်အထိ ဈေးရှိကြောင်း မူဆယ်မြို့မှ ဆိတ်တင်ပို့သူ လုပ်ငန်းရှင်တစ်ဦးရဲ့ ပြောကြားချက် အရသိရပါတယ်။ ယင်းသို့တင်ပို့ခဲ့မှုကြောင့် မေ ၁ ရက်မှ ၁၅ ရက်အထိ အခွန်ငွေ ကျပ် သိန်း ၁၇၅၂၆၉၀၀၀ ရရှိခဲ့ကြောင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရသိရပါတယ်။

အခုလို ကျွဲ၊ နွားနှင့် ဆိတ်များတင်ပို့နိုင်ခြင်းမှာ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ကျွဲ၊ နွားအရှင်များ ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုခြင်းကို အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၇ ဖြင့် ၂၀၁၇ခုနှစ် အောက်တိုဘာ ၉ ရက်မှ စတင်၍ ဆောင်ရွက်ခွင့်ပြုခဲ့တာကြောင့် ကျွဲ၊ နွား မှောင်ခိုတင်ပို့ရောင်းဝယ်ခဲ့ခြင်းများ လျော့နည်းလာခဲ့ပြီး နိုင်ငံတော် အတွက် ဝင်ငွေတိုးတက်ရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။                                                                    

မင်းအောင်(တောင်ကြီး)

 

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်မှ မေ ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၄၀ သန်း တန်ဖိုးရှိသကြား(ရိုးရိုး) တန်ချိန် ၁၃၆၀၀ ကျော်ကို တရုတ်နိုင်ငံသို့  တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က  တင်ပို့ခဲ့တဲ့ ၆၄၈၇ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ယခု တစ်ပတ် တန် ၇၀၀၀ ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။ အလားတူ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှလည်း အမေရိကန်ဒေါ်လာ ၅၀၃၇၅ တန်ဖိုးရှိ သကြား ၇၇ တန်ခွဲကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

မူဆယ်ကုန်စည်ဒိုင်မှာ  သကြား တစ်တန်ရဲ့  မိမိဘက် ပေါက်ဈေးမှာ ယခင်တစ်ပတ်က ကျပ် ၇၉၉၀၂၀ ဈေး ရှိရာမှ မေ ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းပတ်တွင် ကျပ် ၈၇၅၅၅၀ သို့ ဈေးမြင့် တက်ခဲ့ပါတယ်။

မော်မော်အောင်