Main menu

Background

မူဆယ်မှ ပရဆေးကုန်ကြမ်း အမယ်စုံတင်ပို့

Thu, 05/31/2018 - 15:56 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ မေ ၁၂ ရက်မှ ၁၈ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၀၀၈ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် (၁၅) မျိုးကို တန်ချိန်အားဖြင့် ၈၈၃ တန်ကျော်တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၇၈၈ တန်ကျော်နဲ့နှိုင်းယှဉ် ပါက ၉၅ တန်ပိုမိုတင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ် တင်ပို့ခဲ့တဲ့ ပရဆေးအမယ်များမှာ ဖန်းခါးသီး ခြောက်၊ ချင်းခြောက်၊ နနွင်းတက်၊ နနွင်းခေါင်း၊ ဆီးဆန်၊ ကွမ်းစားဂမုန်း၊ မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကြောင်လျှာစေ့၊ ခပေါင်းစေ့၊ ဝဥ ခြောက်၊ နာနတ်လျှော်၊ ဒရင်ကောက်မြစ်၊ ချဉ်ပေါင်ဖာလာ(အခွံပါ)နဲ့ (အခွံမပါ)တို့ဖြစ် ပါတယ်။

အဆိုပါသီတင်းပတ်အတွင်း မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနဲ့ ရိဒ်ကုန်သွယ် ရေးစခန်းမှလည်း အမေရိ ကန်ဒေါ်လာ သုည ဒသမ ၀၄၃ သန်း တန်ဖိုးရှိ တောင် လုံးကျော် နှစ်တန်ခွဲကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ပါတယ်။         

မော်မော်အောင်