
ဇွန် ၉ ရက်မှ ၁၅ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ် ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂၁၀၀၀ တန်ဖိုးရှိ ပီလောပီနံအမှုန့် တန် ၁၀၀ ကို တရုတ်နိုင်ငံသို့တင်ပို့ခ ပါတယ်။ ယခင်တစ်ပတ်ကလည်း ၁၂၉ တန် တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်မှာ ၂၉ တန် လျော့နည်းတင်ပို့ခဲ့ ပေမယ့် မူဆယ်မှ ပီလောပီနန်အမှုန့် ပုံမှန်တင်ပို့မှု ရှိတာတွေ့ရပါတယ်။
ကချင်ပြည်အတွင်းရှိ တိုင်းရင်းသားများ အလုပ်အကိုင်ရရှိရန်အတွက် ဘိန်းအစားထိုးသီးနှံအဖြစ် ပီလောပီနံများ စိုက်ပျိုး ခဲ့ပြီး တရုတ်နိုင်ငံမှာ စက္ကူအထူ၊အပါးများကို ကပ်တဲ့ကော်လုပ်တဲ့နေရာမှာ သုံးတဲ့ကုန်ကြမ်း အဖြစ် လည်းကောင်း၊ မုန့်လုပ်ငန်း မှာစားတဲ့ ကော်အဖြစ်လည်းကောင်း လိုအပ်သလို အသုံးမပြုကြတာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
မော်မော်အောင်