Main menu

Background

တရုတ်နှင့် မြန်မာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်အထိ တိုးမြှင့်နိုင်ခဲ့ကြပြီ

Tue, 10/08/2019 - 15:07 -- journal_editor

          တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း နှစ်(၇၀)ပြည့် အထိမ်း အမှတ်အခမ်းအနားကို စက်တင်ဘာ ၂၆ ရက်က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ   ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပခဲ့ သည်။ အခမ်းအနားသို့ နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက် ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ အခမ်းအနားသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော် ၏ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌဌနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဒုတိယ ဝန်ကြီးများနှင့် ဇနီးများ၊ ဒုတိယရှေ့နေချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ စသည်ဖြင့် စုံစုံ ညီညီ တက်ရောက်ခဲ့ကြသည်။

      တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့်အတူ ရပ်ဝန်းနှင့်ပိုးလမ်းမ အစီ အစဉ် (BRI-Belt and Road Initiative) နှင့် တရုတ်-မြန်မာ စီးပွားရေး စင်္က࿿ြံဆိုင်ရာ ဓာတ်ပုံပြပွဲကိုလည်း ထည့်သွင်းပြသခဲ့သည်။ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားပွဲကို မြန်မာနိုင်ငံ၌ နိုင်ငံတော် အခမ်းအနားတစ်ခုသဖွယ် ကျင်းပရခြင်းမှာ အကြောင်းရှိပါသည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ တို့သည် ၁၉၅၀ ပြည့်နှစ်တွင် သံတမန်ဆက်ဆံရေး စတင်ထူထောင် ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု နှစ် ၇၀ ပြည့်တော့မည် ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ရှေးယခင်ကာလများကတည်းက ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီး မှုရရှိခဲ့ပြီးဖြစ်သည်။ ယခုအခါ သမနိရှည် ကြာလာပြီဖြစ်သော ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုအဓွန့်ရှည်ခိုင်မာစေရန် နှစ်နိုင်ငံ အစိုးရများ ကြိုးပမ်းတည်ဆောက်နေသော ကာလဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် လက်ရှိတွင် ဘက်စုံဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်အထိ တိုးမြှင့်နိုင်ခဲ့ပြီဖြစ်သည်။ နှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်၏ မူဘောင်များနှင့်အညီလည်း အပြန်အလှန် လေးစားမှုနှင့် နားလည်မှု တို့ကို အခြေခံပြီး ကဏ္ဍဍအများအပြားတွင် နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နေသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ နေ့ထူး နေ့မြတ်ဖြစ်သော အောက်တိုဘာ ၁ ရက်တွင် ကျရောက်သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ်နေ့ကို  မြန်မာနိုင်ငံက ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီး ညီအစ်ကိုရင်း စိတ်ဓာတ်ဖြင့် ခမ်းခမ်းနားနား ကျင်းပရခြင်းဖြစ်မည်ဟု ယူဆမိသည်။

       နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အောင်မြင်မှုအသီးအ ပွင့်များကို ချီးမွမ်းထောမနာပြု ပြောကြားခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၀ အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင် ချိန်၊ အထူးသဖြင့် လွန်ခဲ့သည့် အနှစ် ၄၀ ခန့်က ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့် မူဝါဒကို တရုတ်နိုင်ငံအစိုးရ စတင်ကျင့်သုံးချိန်ကစပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုး တက်မှု လျင်မြန်စွာ တိုးတက်လာခဲ့မှုအပေါ် အထူးဂုဏ်ယူဝမ်းမြောက် မိကြောင်း ပြောဆိုသည်။ ထို့ပြင် တရုတ်ပြည်သူများ၏ နှစ် ၇၀ အတွင်း ကြိုးပမ်းအားထုတ်မှုများကြောင့် တရုတ်နိုင်ငံသည် လူဦးရေ သန်း ပေါင်း ၇၀ဝ ကျော်ကို ဆင်းရဲနွမ်းပါးမှုမှ ကယ်တင်နိုင်ခဲ့သည်။ ယခု အချိန်တွင် ကမ္ဘာ၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံးနှင့် ဒုတိယစီးပွားရေး အင်အားကြီးနိုင်ငံအဖြစ် ကမ္ဘာ့စီးပွားရေးတွင် အရေး ပါသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။ ယင်းကိုလည်း ဝမ်းမြောက်ဖွယ် တွေ့ရသည်။ ၁၉၅၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဂျီဒီပီ (တစ်မျိုးသားလုံးထုတ်ကုန်တန်ဖိုး)သည် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံခန့် သာရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ဂျီဒီပီ တန်ဖိုး အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၆၁ ထရီလီယံအထိ တစ်ရှိန်ထိုး တိုးမြှင့်လာခဲ့ သည်။ ၁၉၇၈ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဂျီဒီပီသည် ကမ္ဘာ့အဆင့် ၁၁ နေရာတွင်ရှိခဲ့ပြီး ယခုအချိန်အထိ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အား ကြီး နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ တရုတ် နိုင်ငံသည် နိုင်ငံတော် ပြန်လည်အားဖြည့်ဆန်းသစ်လာခြင်း (National  Rejuvenation) ဟူသည့် တရုတ်နိုင်ငံသူ နိုင်ငံသားများ၏ စိတ်ကူးမျှော်မှန်းချက် ချိုင်းနီးဒရင်းမ် (Chinese Dream) ကို ပြည့်ဝစေမည့် မဟာဗျူဟာ မြောက် ဆောင်ရွက်ချက်ကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင် ခဲ့ပြီး အောင်မြင်မှုများစွာ ဆက်လက်ရရှိနိုင်မည်ဟုလည်း ယုံကြည် ကြောင်း ပြောဆိုခဲ့သည်။

        တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်မှု မိတ်ဖက်နိုင်ငံဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုတွင်လည်း ဒုတိယရင်းနှီးမြှုပ်နှံ မှု အများဆုံးနိုင်ငံလည်းဖြစ်သည်။ (ပထမ ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ စာရင်းအရ ဒေါ်လာ ၂၁ ဒသမ ၈ ဘီလီယံဖိုး အထိရှိသည်။ တရုတ်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၂၁ ဘီလီယံကျော်အထိရှိသည်ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထုတ်ပြန်ချက်အရ သိရသည်။) တရုတ် နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နှင့် ရင်းနှီး မြှုပ်နှံသူအဖြစ် ကာလရှည်ကြာရပ်တည်နေခြင်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး၏ အရေးပါသည့် အချက်များဖြစ်သည်ဟုလည်း ဒုတိယသမ္မတက ဂုဏ်ပြုပြောဆိုခဲ့သည်။ ၂၀၁၉ ခုနှစ် ဧပြီလအတွင်း တွင် ပေကျင်းမြို့၌ ဒုတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ ယင်းဖိုရမ်တွင် မြန်မာနှင့် တရုတ်၏နိုင်ငံအကြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်း ဆောင် ရွက်ရေး သဘောတူစာချုပ်၊ တရုတ်-မြန်မာ စီးပွားရေး စင်္က࿿ြံ ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (၂၀၁၉-၂၀၃၀) ဆိုင်ရာ နားလည်မှု စာချွန် လွှာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှုပိုင်း တိုးမြှင့် ရေး စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရေး ငါးနှစ်ဖွံ့ဖြိုးမှု အစီအစဉ်ရေး ဆွဲရေးဆိုင်ရာ သဘောတူစာချုပ်စသည့် သဘောတူညီချက်သုံးခုကို နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ တရုတ်နိုင်ငံသမ္မတကြီး မစ္စတာ ရှီကျင့်ဖျင်၏ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းသည် မြန်မာနိုင်ငံ အတွက် အပြုသဘောဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုများနှင့် အပြန် အလှန် အကျိုးဖြစ်ထွန်းမှုများကို ဆောင်ကြဉ်းပေးနိုင်မည်ဟု မြန်မာ နိုင်ငံအတွက် မျှော်လင့်ယုံကြည်ထားသည်ဟု နိုင်ငံတော် ဒုတိယ သမ္မတက ပြောကြားပါသေးသည်။

      တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ ချရေးနှင့်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်  ဖော်ဆောင်ရေး  အစရှိသည့်  ကဏ္ဍဍများတွင် အကူအညီများ အစဉ်တစိုက်ပေးအပ်လျက်ရှိသည်။ ယင်းအတွက်လည်း များစွာ ကျေးဇူးတင်ရှိသည်။ အထူးသဖြင့် မြန်မာ နိုင်ငံအစိုးရ ကြိုးပမ်းအားထုတ်ဖြေရှင်းနေရသည့် ရခိုင်ပြည်နယ် အရေး ကိစ္စနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံ၏ အပြုသဘောဆောင် သည့် တစိုက်မတ်မတ် အားပေးထောက်ခံမှုများအပေါ် အလေး အနက် တန်ဖိုးထားမိပါသည်ဟု ဒုတိယသမ္မတက လှိုက်လှဲစွာဆိုခဲ့ သည်။ ထို့ပြင် အနာဂတ်တွင်လည်း တရုတ်နိုင်ငံ၏ နားလည်မှု၊ အပြု သဘောဆောင်သည့် အကူအညီပေးမှုများ ဆက်လက်ရရှိသွားမည်ဟု လည်း ယုံကြည်သည်။ တရုတ် ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍဍပေါင်းစုံပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက် မြင့်မားလာစေရေး နှစ်နိုင်ငံ အတူ တကွ ကြိုးပမ်း ဆောင်ရွက်သွားမည်ဟုလည်း ကတိပြုပြောကြားခဲ့ပါ ကြောင်း ဗဟုသုတရဖွယ် ကောက်နုတ် တင်ပြလိုက်ရပါသည်။

 

မောင်လွင်ပြင