Main menu

Background

တောင်ငူဈေးကွက်ထဲက သံတောင်ကြီးကွမ်းသီး

Wed, 02/02/2022 - 15:47 -- journal_editor

ပဲခူးတိုင်းဒေသကြီး၌ ကွမ်းသီးစိုက်ဧက ၂၀ဝ၀ ကျော် တွင် တောင်ငူခရိုင်၌ စိုက်ဧက ၁၀ဝ၀ကျော် စိုက်ပျိုးလျက်ရှိပြီး  တောင်ငူခရိုင်နှင့်  နယ်နိမိတ်ခြင်း  ဆက်စပ်လျက်ရှိသော ကရင်ပြည်နယ် သံတောင်ကြီးဒေသတွင် ကွမ်းသီးစိုက်ဧက အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။သံတောင်ကြီးဒေသ၏ ကွမ်းသီးစိုက်ဧကမှာ ၅၈၇၇ ဧကခန့်ရှိပြီး တစ်ဧက အထွက်နှုန်းအနေဖြင့် ၃၁၃ ပိဿာခန့် ထွက်ရှိကြောင်း သိရှိရသည်။  ကွမ်းသီးဈေးကွက်အနေဖြင့် တောင်ငူခရိုင်မှထွက်ရှိသော ကွမ်းသီးများသာမက သံတောင် ကြီးဒေသမှထွက်ရှိသော ကွမ်းသီးများသည်လည်း တောင်ငူ မြို့ရှိ ပွဲရုံများသို့ အဓိကတင်သွင်းပြီး တောင်ငူမြို့မှတစ်ဆင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိရ သည်။
ယခင်နှစ်တွင်  သံတောင်ကြီး ဒေသမှ တောင်ငူပွဲရုံ ရောက် ဈေးနှုန်းမှာ  ကွမ်းသီး  တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ ရှိခဲ့ပြီး ယခုနှစ်တွင် သံတောင်ကြီးဒေသမှ တောင်ငူပွဲရုံရောက် ဈေးနှုန်းမှာ ကွမ်းသီးတစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ ဖြစ်သဖြင့် ကွမ်းသီးစိုက်တောင်သူများအနေဖြင့် ယခုနှစ်ထက် ဈေးပိုရ ပြီး အကျိုးအမြတ်ပိုလာကြောင်း သိရှိရသည်။
ယခုကဲ့သို့ ဈေးမြင့်တက်လာရခြင်းမှာ သယ်ယူပို့ဆောင် ခနှုန်းထားများ မြင့်တက်လာခြင်း၊ လုပ်သားခများ မြင့်တက် လာခြင်း၊  အခြား ကုန်ကျစရိတ်များ  မြင့်တက်လာခြင်း ကြောင့် ပွဲရုံများမှ တောင်သူများ တွက်ခြေကိုက်သည့် ဈေး နှုန်းများဖြင့် ဈေးတိုးမြှင့်ဝယ်ယူလာခြင်းဖြစ်ကြောင်း သိရှိရ သည်။                                                        
     အိအိမင်း(ပဲခူး)