Main menu

Background

ခရမ်းရောင် ကန်စွန်းဥအမှုန့်များကို ကိုရီးယားသို့ တင်ပို့ရောင်းချနိုင်ရန် ကြိုးပမ်းနေ

Fri, 03/04/2022 - 15:05 -- journal_editor

မြန်မာ့ခရမ်း‌ရောင်   ကန်စွန်းဥ အမှုန့်များကို ကိုရီးယားနိုင်ငံရှိ ကုမ္ပဏီ များသို့ တင်ပို့ရောင်းချနိုင်ရန်  ကြိုးပမ်း နေကြောင်း  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန် သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်အတွင်းရှိ ဘန်းယဉ် မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့၌   စိုက်ပျိုး ရေး သွင်းကုန်အစားထိုး စိုက်ပျိုးလျက် ရှိသည့် ကန်စွန်းဥများကို    တန်ဖိုးမြှင့် ကန်းစွန်းဥအမှုန့်များပြုလုပ်၍    ပြည်ပ ဈေးကွက်သို့ ‌ တင်ပို့ရောင်းချနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ဂျပန်နိုင်ငံက လက်ဆောင်ရရှိ သည့် ကန်စွန်းဥမျိုးကို    မြန်မာနိုင်ငံရှိ သွင်းအားစုများဖြင့်      ပြန်လည်ပြုပြင် လိုက်သည့်အခါ  မူလ အဖြူရောင် ကန် စွန်းဥမှာ  ခရမ်းရောင်သို့ ပြောင်းသွားပြီး အရသာနှင့်   အရည်အသွေးမှာလည်း ကောင်းမွန်လာကြောင်း သိရသည်။အရည်အသွေးမြင့်    ကန်စွန်းဥ များကို တန်ဖိုးမြှင့် ကန်စွန်းဥအမှုန့်များ ပြုလုပ်၍ တစ်လလျှင် ၁၀တန်ခန့် ထုတ် လုပ်   ဖြန့်ချိလျက်ရှိပြီး    တစ်ဧကလျှင် ကန်စွန်းဥ ပိဿာချိန်    ၁၅၀ဝ မှ ပိဿာ ၃၀ဝ၀ အထိ ထွက်ရှိကြောင်းသိရသည်။အဆိုပါ ခရမ်းရောင်ကန်စွန်းဥ အမှုန့်များကို   ယခုအခါ ကိုရီးယားနိုင်ငံ သို့ အဓိကတင်ပို့ရောင်းချနိုင်ရန်   စီစဉ် လျက်ရှိရာတွင် ကန်စွန်းဥအမှုန့် တစ်ကီ လိုလျှင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဒေါ်လာရရှိနိုင်ရန်  ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။လက်ရှိ      တောင်ကြီးဈေးကွက် တွင်   ရောင်းချနေသည့်   ခရမ်း‌ရောင် ကန်စွန်းဥများမှာ  စမ်းသပ်ပြီး   အောင် မြင်မှုရထားသည့် ကန်စွန်းဥများဖြစ်ကာ မူပိုင်မျိုးရင်းကိုလည်း     မူပိုင်ခွင့်ရရှိရန် စိုက်ပျိုးရေး၊      မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနသို့       တင်ပြထား ကြောင်း သိရသည်။
ကန်စွန်းဥမျိုးများမှာအဖြူရောင်၊ အဝါ‌ရောင်၊ ပန်း‌ရောင်  စသည်ဖြင့်ရှိပြီး ရှမ်းပြည်နယ်       တောင်ကြီးမြို့နယ် အတွင်း မြေပြန့်ရှိရာနေရာများ၌အဓိက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
စမ်းသပ်အောင်မြင်ထားသည့် ခရမ်းရောင်မျိုးမှာ အရသာ အချိုဓာတ် ပိုများ၍    စည်းပိုင်မှုရှိခြင်းနှင့်  အထွက် နှုန်း ကောင်းခြင်း  စသည့် ရလဒ်ကောင်း များရှိသည့်အပြင် ခရမ်းရောင် ကန်စွန်း ဥအား  အခြောက်လှန်း၍  အမှုန့်အဖြစ် ပြုလုပ်လာကြပြီးယခုနောက်ပိုင်း၌ တွင် ကျယ်စွာ  အသုံးပြုလာကြောင်း    သိရ သည်။ထိုအမှုန့်များအား       သိုလှောင် ထိန်းသိမ်းရာတွင် လေလုံခန်း၌အနည်း ဆုံး ခြောက်လနှင့် အအေးခန်းအတွင်း တစ်နှစ်ထားရှိရပြီး    ကန်စွန်းဥအမှုန့်ကို   စား သောက်ကုန် မုန့်လုပ်ငန်းများတွင် အနံ့၊ အရသာနှင့် အရောင်အတွက် ရောစပ်အသုံးပြုကြသည့်အပြင်  ပြည် တွင်းအာဟာရထုတ်လုပ်သော စား သောက်ကုန်တို့၌လည်း  အသုံးပြုလျက် ရှိကြောင်း သိရသည်။