Main menu

Background

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီးဈေးကွက်

Mon, 03/21/2022 - 13:34 -- journal_editor

တနင်္သာရီတိုင်းဒေသကြီးသည်   ကွမ်းသီးပင်များကို အများဆုံး စိုက်ပျိုးသော တိုင်းဒေသကြီးဖြစ်သည်။  ကွမ်းသီးတွင်   ကွမ်းသီးအလုံး ဈေးနှင့် ကွမ်းသီးခွဲခြမ်းဈေးဟူ၍ ရှိသည်။လက်ရှိတွင် ကွမ်းသီးအလုံး တစ်ပိဿာလျှင် ကျပ် ၅၃၀ဝ နှုန်းရှိပြီး ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ နှုန်း ပေါက်ဈေးရှိကာ ရန်ကုန် မြို့ပေါ်တွင် ကျပ် ၆၀ဝ၀၊ ၆၂၀ဝ နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရသည်။ယခုအချိန်သည် ကွမ်းသီးအများဆုံးထွက်ရှိနေပြီး   ကွမ်းသီး လုပ်ငန်းများ ပုံမှန်လုပ်ကိုင်လျက်ရှိသော်လည်း   ဈေးကွက်အတွင်းတွင် ပစ္စည်းအဝင်များသောကြောင့် ယခင်အပတ်ထက် ယခုအပတ်  ဈေးနှုန်း မှာ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ကွမ်းသီးကို ထားဝယ်မှ ရန်ကုန်သို့တင်ပို့ရာတွင် သယ်ယူပို့ဆောင်ခ (ကားခ) တစ်ပိဿာလျှင် ကျပ် ၈၀ နှုန်းရှိကြောင်း  ကုန်သည်တစ်ဦးထံမှ သိရှိရသည်။

သဲဝေဝေအောင်(ထားဝယ်)