Main menu

Background

ဖေဖော်ဝါရီလအတွင်း မြိတ်ကုန်သွယ်ရေးစခန်းမှ ကာလတူထက် ကုန်သွယ်မှု ပိုမိုဆောင်ရွက်

Mon, 03/21/2022 - 13:51 -- journal_editor

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်ကုန်သွယ်ရေးစခန်းမှ လျာထားချက်အပေါ် ပို့ကုန်၊သွင်းကုန် ကုန်သွယ်မှု ပမာဏ ၉၇ ဒသမ၉၈ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။မြိတ် ကုန် သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ဒသမ ၇၂၅ သန်းနှင့်သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ၆ဒသမ  ဝ၃၂ သန်းဖိုး ဆောင်ရွက်နိုင်သဖြင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ၁၁ ဒသမ ၇၅၇ သန်းဖိုး ဆောင်ရွက်နိုင်ခဲ့သည်။  ယမန်နှစ် ကာလတူနှင့်နှိုင်းယှဉ် ပါက ပို့ကုန်အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂၆ သန်းဖိုး ပိုမိုဆောင်ရွက်နိုင်ခဲ့ပြီး သွင်းကုန်အမေရိကန်ဒေါ်လာ သုည ဒသမ ၄၆၉ သန်း လျော့နည်းခဲ့သဖြင့် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၅၇ သန်းဖိုး ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။အနီးစပ်ဆုံး ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်အမေရိကန်ဒေါ်လာ ၁ဒသမ ၇၇၀သန်း ပိုမိုခဲ့ပြီး သွင်းကုန်တွင် အမေရိကန် ဒေါ်လာ ၂ဒသမ ၅၄၂ သန်း လျော့နည်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သုည ဒသမ ၇၇၂ သန်း လျော့နည်းခဲ့သည်။ယမန်နှစ် ကာလတူနှင့်ရော အနီးစပ်ဆုံးကာလထက်ပါ  ပို့ကုန်ပိုမိုရခြင်းမှာ ရေထွက်ကုန် ပစ္စည်း တင်ပို့မှုတွင်  ပုစွန်၊ ငါးမှုန့်၊ ကင်းမွန်၊ ငါးအသားလွှာနှင့် ဂဏန်းတို့ ပိုမိုတင်ပို့နိုင်ပြီး လယ်ယာထွက်ကုန်ပစ္စည်းများတွင် ရော်ဘာပိုမိုတင်ပို့နိုင်ခြင်းကြောင့်ဖြစ်သည်။  သွင်းကုန်လျော့နည်းရခြင်းမှာ ဘိလပ်မြေတင်သွင်းမှု မရှိခြင်းနှင့်ဒီဇယ်တင်သွင်းမှု လျော့နည်းခဲ့ခြင်းကြောင့်ဖြစ်သည်။မြိတ်ကုန်သွယ်ရေးစခန်းသည်  ရေလမ်းခရီးအား အဓိကအားထား ကုန်သွယ်မှုပြုလုပ်နေရပြီး တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှု အများဆုံး ဆောင်ရွက်သော ဒေသဖြစ်ကြောင်း သိရှိရသည်။

CJ