Main menu

Background

ကျောက်ဆည်ခရိုင်တွင် ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Mon, 03/21/2022 - 14:08 -- journal_editor

မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကို အခြေခံ၍ သီးနှံမျိုးစုံအား စိုက်ပျိုးသည့်ဒေသဖြစ်သည်။   ဒေသအတွင်း စပါးကို အဓိကထား စိုက်ပျိုးသော်လည်း နှမ်း၊ ပဲတီစိမ်း၊ ကုလားပဲ၊ ငရုတ် စသည့် သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးကြသည်။  ၎င်းသီးနှံ များအနက် ငရုတ်သီးနှံကို ကျောက်ဆည်မြို့နယ်တွင်   ဧက  ၂၀၂၀၊ စဉ့်ကိုင်မြို့နယ်တွင်   ၁၈၉၇ ဧက၊   မြစ်သားမြို့နယ်တွင် ၉၆၈၆ ဧက၊ တံတားဦးမြို့နယ်တွင် ၁၀၃၇ ဧက၊ စုစုပေါင်း  ဧက  ၁၄၆၄၀  စိုက်ပျိုးပြီး ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။ငရုတ်သီးနှံကို နိုဝင်ဘာနှင့်  ဒီဇင်ဘာလများတွင်   စတင် စိုက် ပျိုးပြီး မတ်နှင့် ဧပြီလများတွင်  စတင်ခူးဆွတ်ကြောင်း  သိရှိရသည်။ ငရုတ်မျိုးများအနေဖြင့် ယခုအချိန်ခါတွင်    ပိုးမွှားဒဏ် ခံနိုင်ရည်ရှိပြီး အထွက်နှုန်း ကောင်းမွန်သော   သာမို၊ ဒီမွန်၊ အာစတာ၊ ၆၉၂ မျိုးများကို စိုက်ပျိုးကြသော်လည်း တောင်သူများအနေဖြင့် ၆၉၂ မျိုးကို ပိုမိုစိုက်ပျိုးမှု များကြောင်း သိရှိရသည်။ တစ်ဧကစိုက်ပျိုးရာတွင် ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့ဝယ်၊ ပျိုးထောင်၊ မြေပြင်ထွန်ယက် စိုက်ပျိုးသည်မှ နွားချေး၊ ဓာတ် မြေသြဇာစသည့် သွင်းအားစုများနှင့် စိုက်ပျိုးသည်မှ ခူးဆွတ်သည့်အထိ လုပ်သားခစုစုပေါင်း ကျပ် ၁၂ သိန်းဝန်းကျင်ခန့်   ကုန်ကျကြောင်း သိရှိ ရသည်။အထွက်နှုန်း ကောင်းမွန်သောမျိုးများဖြစ်သည့်အတွက်   စတင် ခူးဆွတ်သည်မှ ပြီးဆုံးသည်အထိ ပျမ်းမျှအားဖြင့် တစ်ဧကလျှင် ငရုတ် သီး အခြောက် ပိဿာ ၅၀ဝ-၆၀ဝ ဝန်းကျင်ထွက်ရှိကြောင်း၊  ငရုတ်သီး အခြောက် ဈေးနှုန်းအနေဖြင့်   ယခင်နှစ်တွင် တစ်ပိဿာ ကျပ် ၂၅၀ဝ- ၃၀ဝ၀  ဝန်းကျင်ရှိခဲ့ရာ ယခုကာလပေါက်ဈေးမှာ  ကျပ် ၃၈၀ဝ-၄၀ဝ၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။ ယခု အချိန်ခါတွင် ငရုတ်စိုက်ခင်းများ၌ အဖူးအပွင့် ဝေဝေဆာဆာဖြင့် အောင် မြင်ဖြစ်ထွန်းလျက်ရှိရာ   တောင်သူများအနေဖြင့် ယခုကာလ ပေါက် ဈေးနှင့်ဆိုလျှင် အကျိုးအမြတ်ရရှိနိုင်ကြောင်း   ငရုတ်စိုက် တောင်သူ တစ်ဦး၏ပြောပြချက်အရ သိရှိရသည်။ စိုးမင်းထွန်း(ကျောက်ဆည်မြို့)