Main menu

Background

ယခုနှစ် သံပရာစိုက်တောင်သူများ ဈေးကောင်းရ၍တွက်ခြေကိုက်

Thu, 04/28/2022 - 15:43 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် ကုန်းဇင်းကျေးရွာအုပ်စု ဇီးတောကျေးရွာတွင် သံပရာစိုက်ဧက ၂၀ ကျော်ရှိသည်။ သံပရာပင်သည် နှစ် ၄၀ ကျော်ကြာ အပွင့်ပွင့်၍ အသီးသီးနိုင်သော နှစ်ရှည်ပင်မျိုးဖြစ်သော်လည်း ၁၀-၁၅ နှစ်လောက်သာ စိုက်ပျိုးကြကြောင်း သိရသည်။ အပင်စိုက်ပျိုးပြီး ၄-၅ နှစ်မှစတင်၍ အသီးသီးသည်။ တစ်ဧကလျှင် သံပရာပင် ၃၀ဝ ကျော်ခန့် စိုက်ပျိုးနိုင်ပြီး အပင်ပျိုး၍ အသီးအားကောင်းသောနှစ်များတွင် တစ်ပင်လျှင် အသီး ၂၀ဝ-၂၅၀ ခန့်သီးနိုင်ကြောင်း သိရသည်။သံပရာသီးသည် မိုးရာသီတွင်  အသီးနှုန်းကောင်း၍ အသီးလုံးချောပြီး ရာသီဥတုပူပြင်းသော နွေရာသီမှာတော့ အသီးနှုန်း ကျဆင်း၍ အသီးမှာလည်း အလုံးသေးသွားကြောင်းသိရသည်။ ယခုနှစ်တွင် သံပရာစိုက်တောင်သူများအနေ ဖြင့် အသီးလှိုင်လှိုင်ပေါ်ချိန် မိုးရာသီတွင်လည်း သံပရာသီး ဈေးကောင်းရခဲ့သလို နွေသီးများမှာလည်း တစ်လုံးလျှင် ၁၀ဝ ကျပ်နှုန်းရရှိသဖြင့် တစ်နှစ်ပတ်လုံး ဈေးကောင်း ရရှိခဲ့ကြောင်း သိရှိရသည်။ ပြည်မြို့နယ်မှထွက်ရှိသော သံပရာသီး များကို ဒေသတွင်း ဝယ်လက်များနှင့် ရခိုင်ပြည်နယ်ဘက်သို့ပါ တင်ပို့ရောင်းချနေရကြောင်း သိရှိရသည်။    
ထွန်းနိုင်လင်း (ပြည်)