Main menu

Background

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးနှုန်းများ

Mon, 05/02/2022 - 13:54 -- journal_editor

ငရုတ်
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်တွင်   ဧပြီ ၁၈ ရက်မှ ၂၁ ရက်အတွင်း ဖြစ်ပေါ်ခဲ့သော ငရုတ်သီး(တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲ ( ငရုတ်ရှည် )သစ် ကျပ်၄၂၀ဝ၊ မြှားနီ (ဟင်္သာတ)သစ် ကျပ် ၅၀ဝ၀၊ မိုးထောင်(ဟင်္သာတ) ကျပ် ၅၂၀ဝ၊ မိုးထောင်(မြစ်ဝ)သစ် ကျပ် ၅၀ဝ၀၊ ဆင်ဖြူကျွန်း(ပု) သစ် ကျပ် ၇၅၀ဝ နှင့် မြစ်ဝ (ပု) ကျပ် ၈၀ဝ၀ အသီးသီး ဖြစ်ခဲ့သည်။
တစ်ပတ်အတွင်း ဆင်ဖြူကျွန်း(ပု)သစ် ကျပ် ၁၀ဝ၀နှင့် မြစ်ဝ (ပု) ကျပ် ၅၀ဝ ဈေးမြင့်တက်ခဲ့သည်။ ကျန်ငရုတ်များ ဈေးငြိမ်လျက် ရှိသည်။တစ်ပတ်အတွင်း ငရုတ်ရှည်အိတ်ပေါင်း ၆၅၅၂ (၁၃၀၅၀ဝ ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း ၉၅၀ (၁၄၂၅၀ ပိဿာ)  အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
အာလူး
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဧပြီ ၁၈ ရက်မှ ၂၁ ရက်အတွင်း ဖြစ်ပေါ်ခဲ့သော အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ အောင်ပန်းဗ၁ ကျပ် ၁၄၅၀၊အောင်ပန်းဥုကျပ်၁၇၅၀၊ အောင် ပန်း A1 ကျပ် ၁၈၅၀ နှင့် အောင်ပန်း OK ကျပ် ၁၈၅၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အောင်ပန်း S1  ကျပ် ၅၀၊ အောင်ပန်း S2  ကျပ် ၅၀ နှင့် အောင်ပန်း OKကျပ် ၅၀နှင့် အောင်ပန်း OK မှာ ကျပ် ၅၀ ဈေးကျဆင်းခဲ့သည်။ ယခုတစ်ပတ်အတွင်း ကုန်စည်ဒိုင်သို့ အာလူး ကား ၄၂ စီး (၂၅၂၀ဝ၀ ပိဿာ) ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ကြက်သွန်နီ/ကြက်သွန်ဖြူ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိတ်ဖြူမြို့နှင့် မြစ် သားမြို့တို့မှ ကြက်သွန်နီများ ဝင်ရောက်လျက်ရှိရာ ဧပြီ ၁၈ ရက်မှ ၂၁ရက်အတွင်း ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ(တစ်ပိဿာ) ဈေးနှုန်း များမှာ ဆိတ်ဖြူအုပ်စုတွင် ဆိတ်ဖြူရှယ်(သစ်) ကျပ် ၈၂၅၊ ဆိတ်ဖြူ လတ်ကြီး ကျပ် ၈၂၅၊ ဆိတ်ဖြူလတ်သန့်   ကျပ် ၇၅၀၊ ဆိတ်ဖြူ လတ်ချော ကျပ် ၅၀ဝ နှင့် မြစ်သားအုပ်စုတွင် မြစ်သား(သစ်) ကျပ် ၁၀၅၀၊ မြစ်သားလတ်ကြီး ကျပ် ၁၀၅၀၊ မြစ်သားလတ်သန့် ကျပ် ၁၀ဝ၀နှင့် မြစ်သားလတ်ချော ကျပ် ၆၀ဝ ဈေးဖြစ်ခဲ့ကြောင်း   သိရ သည်။
တစ်ပတ်အတွင်း ဆိတ်ဖြူရှယ်(သစ်) နှင့် ဆိတ်ဖြူလတ်ကြီး ၂၅ ကျပ်စီနှင့် ကျန်ကြက်သွန်များ တစ်ပိဿာလျှင် ၅၀ ကျပ်စီ ဈေးအနည်းငယ် မြင့်တက်ခဲ့ကြောင်း သိရသည်။ တစ်ပတ်အတွင်း ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ကားစီးရေ ၁၁၅ စီး ( ၆၉၀ဝ၀ဝပိဿာ) ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဧပြီ ၁၈ ရက်မှ ၂၁ ရက်အတွင်း ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူတစ်ပိဿာ ဈေးနှုန်းများမှာ ကြူကုတ် (ရှယ်) ကျပ် ၅၀ဝ၀၊ အောင်ပန်းထူး (၂) ကျပ် ၁၇၀ဝ၊ အောင်ပန်းထူး (၃) ကျပ် ၂၂၅၀၊ အောင်ပန်းထူး (၄) ကျပ် ၂၇၅၀ နှင့် အောင်ပန်းထူး (၅) ကျပ် ၃၃၀ဝ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ်မှာ ကျပ် ၁၅၀ ဈေးကျဆင်းခဲ့ပြီး အောင်ပန်းထူး (၂) ကျပ် ၁၅၀၊ အောင် ပန်းထူး (၃) ကျပ် ၁၀ဝ၊ အောင်ပန်းထူး (၄) ကျပ် ၂၅၀ နှင့် အောင် ပန်းထူး (၅) ကျပ် ၁၀ဝ ဈေးမြင့်ခဲ့သည်။ တစ်ပတ်အတွင်း ကြက် သွန်ဖြူ အိတ်ရေ ၁၉၀ဝ (၅၇၀ဝ၀ ပိဿာ) အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရသည်။              

SSMaw (Domestic(Ygn) MITC