Main menu

Background

ယခုနှစ် ရာသီအပိတ်တွင် ကင်းမွန် ဈေးကောင်းရ

Fri, 05/20/2022 - 12:19 -- journal_editor

ယခုနှစ် ဧပြီလကုန် ကင်းမွန်ရာသီပိတ်သိမ်းချိန်တွင် ကင်းမွန်ဈေး ကောင်းရရှိ၍ လုပ်ငန်းများ အဆင်ပြေခဲ့ကြောင်း မြိတ်ခရိုင်  ကင်းမွန်လုပ်ငန်း ရှင်များအသင်းမှ သိရသည်။ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခု ၂၀၂၂ ခုနှစ်အတွက် ငါးသားပေါက် ရာသီကို ဧပြီ၊ မေနှင့် ဇွန်လအဖြစ် သတ်မှတ်ခဲ့ပြီး ကင်းမွန်လှေများကိုမူ ဧပြီ လတစ်လ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးခဲ့ရာ အဆိုပါလအတွင်း ကမ်းဝေးငါးဖမ်း လှေအားလုံး ငါးဖမ်းဆီးခွင့်ပိတ်ထားပြီး ကင်းမွန်လှေလုပ်ငန်း   အမျိုးအစား တစ်ခုတည်းသာ လုပ်ကိုင်ခွင့်ရခဲ့သည့်အတွက် လုပ်ငန်းအဆင်ပြေမှုရှိခဲ့ကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးမင်းထွန်းက မေ ၄ ရက်တွင် ပြောသည်။ ''ရာသီအပိတ်မှာ ဈေးကောင်းရခဲ့ပါတယ်။ကင်းမွန်အမျိုးအစား၁ယ ၂ယ ၃ ဆိုဒ်တွေက ၁၀ ပိဿာဝင် ဗန်းတစ်ဗန်းကို ထားဝယ်ဒေသဘက်မှာကျပ်၁၆၀ဝ၀ဝ အထိ ရခဲ့ရပါတယ်။ မြိတ်ဘက်မှာတော့ တစ်ဗန်းကိုငွေကျပ် ၁၄၀ဝ၀ဝအထိဈေးပေးဝယ်တဲ့ဒိုင်တွေရှိခဲ့ပါတယ်။ ကင်းမွန်အထိအမိလည်း များတယ်}}ဟု ၎င်းက ပြောသည်။ အဆိုပါ ငါးဖမ်းလှေများမှာပြီးခဲ့သည့် လေးလအတွင်း ဆီ ဈေးတက်ခြင်း၊ ရာသီဥတု မူမမှန်ခြင်းများကြောင့် လုပ်ငန်း၌ အခက်အခဲများစွာ ဖြစ်ပေါ်ဖြစ်ခဲ့ကြောင်းသိရသည်။"ဒီနှစ် ဆီဈေးက ကြီးမြင့်နေလို့ ငါးဖမ်းလှေတွေရဲ့  အထွက်စရိတ်က အတော်ကုန်ကျခဲ့ပါတယ်။ ဒါပေမဲ့  ပင်လယ်ထဲမှာကလည်း ကမ်းဝေးလှေကြီး တွေမရှိတော့ဘူး။ ကင်းမွန်လှေတစ်မျိုးတည်းသာ လုပ်ကိုင်ခွင့်ရခဲ့တဲ့အတွက် ကုန်ကြမ်းရရှိမှု အနည်းငယ်များခဲ့တယ်။  နောက်တစ်ခုက ကင်းမွန်ဈေးနှုန်း တွေက အမြင့်ဈေးနဲ့ ပိတ်သွားတာကြောင့်လည်း ပါတယ်"ဟုဦးမင်းထွန်းက ပြောသည်။ ကင်းမွန်မီးထွန်းလှေလုပ်ငန်းမှာ   ပွင့်လင်းရာသီတွင်သာ  လုပ်ကိုင် ရသည့်လုပ်ငန်းဖြစ်ပြီး မိုးရာသီ၌ လုပ်ငန်းရပ်နားလေ့ရှိကာ  ပုံမှန်အားဖြင့် သင်္ကြန်ကာလပြီးဆုံးပြီးနောက် သီတင်းကျွတ်ကာလအထိ  လုပ်ငန်းရပ်နား ကြပြီး ပွင့်လင်းရာသီရောက်မှသာ လုပ်ငန်းခွင် ပြန်ဝင်ကြခြင်းဖြစ်သည်။လက်ရှိတွင် ကင်းမွန်ရာသီ ပိတ်သိမ်းပြီးဖြစ်သောကြောင့်   ကင်းမွန် ဖမ်းဆီးသည့် လှေများသက်ဆိုင်ရာ ဆိပ်ကမ်းအသီးသီးတို့တွင် ဝင်ရောက်ပြီး လှေပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း လိုင်စင်ရကင်းမွန်လှေကြီး အစီး ၃၀ဝ ကျော်နှင့် ကင်းမွန်လှေငယ်အစီးရေ ၅၀ဝ ခန့်ရှိကြောင်းသိရသည်။ မြန်မာ့ပင်လယ်ပြင်အတွင်းမှ ရရှိသည့် ကင်းမွန်များကို တရုတ်နှင့် ထိုင်းဈေး ကွက်များမှ အဓိကမှာယူလျက်ရှိကြောင်းသိရသည်။