Main menu

Background

ကချင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းဖွဲ့စည်း

Fri, 05/20/2022 - 12:37 -- journal_editor

ပြည်တွင်းပြောင်းထုတ်လုပ်ရေးလုပ်ငန်းများကို ပြည်ပဈေးကွက်တိုင်အောင်  ထိုက်ထိုက်တန်တန်အခြေချမိစေရေး၊ပြည်တွင်းပြည်ပစားသုံးသူများ ယုံကြည်စိတ်ချစွာပိုမိုအလေးထားဝယ်ယူလာစေရေး၊ပြောင်းစိုက်တောင်သူများ၏ ကြုံတွေ့နေရသောအခက်အခဲများကိုအသင်း၏ဦးဆောင်မှုဖြင့် အမြန်ဆုံးဝိုင်းဝန်းကူညီဖြေရှင်းပေးနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၂၂ ခုနှစ်မေ ၅ ရက် နံနက် ၉နာရီတွင် မြစ်ကြီးနားမြို့၊မြို့သစ်ရပ်ကွက်၊တရုတ်ယူနန်ဘုံကျောင်းကြီး၌  ကချင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းဖွဲ့စည်းခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ  ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှတာဝန်ရှိသူများ၊ ကချင်ပြည်နယ်  ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ၊ပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူလုပ်ငန်းရှင်နှင့်တောင်သူ၁၀၈ဦးတက်ရောက်ခဲ့ကြသည်။အဆိုပါအခမ်းအနားတွင်ကချင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ် ဦးစီးမှူးဦးကိုကိုဦးကအဖွင့်အမှာစကားပြောကြားသည်။ထို့နောက် အခမ်းအနားသို့တက်ရောက်လာသည့် ပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူစီးပွားရေးလုပ်ငန်းရှင်များ၊တောင်သူများက ကချင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်း၏ ဗဟိုအလုပ်အမှုဆောင်၊အလုပ်အမှုဆောင်နှင့် စီမံခန့်ခွဲရေးကော်မတီရွေးချယ်တင်မြောက်ခြင်းနှင့်အတည်ပြုခြင်း၊နာယကသုံးဦးတင်မြှောက်ခြင်း၊ကချင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းမှ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းအတွက် ဗဟိုအလုပ်အမှုဆောင်ငါးဦးနှင့် အလုပ်အမှုဆောင်ငါးဦးအမည်စာရင်းအားဖတ်ကြားတင်ပြခြင်းများဆောင်ရွက်ခဲ့ပြီးကချင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းအား  အဖွဲ့ဝင် ၂၈ ဦးဖြင့်ရွေးချယ်တင်မြှောက်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
    
ကိုကိုစိုး
(ကချင်ပြည်နယ်)