Main menu

Background

ဘင်္ဂလားဒေ့ရှ်သို့ တစ်လလျှင် ရေထွက်ကုန် တန်ချိန် ၈၀ဝ မှ ၁၀ဝ၀ကျော်အထိ တင်ပို့လျက်ရှိ

Fri, 06/10/2022 - 11:59 -- journal_editor

ရခိုင်ပြည်နယ်နယ်စပ်ဂိတ်မှ ဘင်္ဂလားဒေ့ရှ်သို့   တစ်လလျှင် ရေထွက်ကုန်တန်ချိန် ၈၀ဝ မှ ၁၀ဝ၀ကျော်အထိ  တင်ပို့လျက်ရှိကြောင်း ရခိုင်ပြည်နယ်ကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (RSCCI)မှ သိရသည်။ဧပြီ လတွင် ဘင်္ဂလားဒေ့ရှ်၌ ရာမန်ဒါ ဥပုသ်ကာလဖြစ်ခြင်းကြောင့်တင်သွင်းမှု လျော့နည်းခဲ့သော်လည်း မေလတွင် ရန်ကုန် တိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ   ငါးမြစ်ချင်းမွေးမြူ သူများထံမှ ရေလမ်း၊ ကုန်းလမ်းဖြင့် နယ်စပ် ကုန်သွယ်မှု   ပြန်လည်များပြားလာခဲ့ခြင်း ဖြစ်သည်။ရေထွက်ကုန်တိုက်ရိုက်တင်ပို့နိုင်သော ရခိုင်ပြည်နယ်၊ စစ်တွေနှင့်မောင်တောမြို့တို့ သို့ ရန်ကုန်မြို့မှငါးမြစ်ချင်းပိဿာချိန်၁၀ဝ၀ ခန့် နေ့စဉ်တင်ပို့လျက်ရှိပြီး ကျန်တိုင်းဒေသ ကြီးနှစ်ခုမှလည်းရေလမ်းနှင့်ကုန်လမ်းတို့ ဖြင့် တင်ပို့လျက်ရှိကြောင်း သိရသည်။အဆိုပါ   ရခိုင်ပြည်နယ်တွင် စစ်တွေ မြို့ ရွှေမင်းဂံဂိတ်နှင့်မောင်တောမြို့   ကညင် ချောင်းဂိတ်တို့၌ ပြည်ပပို့ကုန် ရေထွက်ကုန် နှင့် ကုန်ခြောက်များကို  ပူးပေါင်းအဖွဲ့ကစစ်ဆေးပြီး နိုင်ငံတော်သို့ ၂ ရာခိုင်နှုန်း အခွန်ဆောင်၍ တင်ပို့နေခြင်းဖြစ်သည်။RSCCI  အနေဖြင့်  ရေထွက်ကုန်စင်း လုံးပြတ်တင်ပို့သော စက်လှေများကို၂ရာခိုင် နှုန်း၊ လှေအတွက် ၅ ဒေါ်လာ နှင့် မှတ်ပုံတင် ကြေး ဒေါ်လာ ၅၀ ကို   မြန်မာကျပ်ငွေဖြင့် အခွန်သွင်း၍ ရေထွက်ကုန်များ  တင်ပို့ခွင့်ပြု လျက်ရှိကြောင်း သိရသည်။ဘင်္ဂလားဒေ့ရှ်သို့  ငါးမြစ်ချင်းကို အဓိကတင်ပို့လျက်ရှိပြီး ကုန်ခြောက်အဖြစ် ကြက်သွန်၊ မန်ကျည်းသီး၊  ချင်း(ဂျင်း)၊ ဆီး သီးခြောက်နှင့်  အခြားကုန်ခြောက်အချို့ကို တင်ပို့လျက်ရှိကာ  သွင်းကုန်အဖြစ်  ပလေ ကပ်ပုဆိုး၊  ပလတ်စတစ်ဂါလီပုံး၊  ညှပ်ဖိနပ်၊ လူသုံးကုန်နှင့်   ဆောက်လုပ်ရေးသုံးပစ္စည်း အချို့   တင်သွင်းလျက်ရှိပြီး သွင်းကုန် ထက် ပို့ကုန်များသောကြောင့် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိနေသည့် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတွင် မြန်မာ နိုင်ငံမှ  ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ကုန်တန်ချိန် စုစုပေါင်း ၁၁၀ဝ၀ ကျော်တင်ပို့နိုင်ခဲ့ရာ  အမေရိကန်ဒေါ်လာ ၁၁ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။