Main menu

Background

ရွှေဘိုခရိုင်အတွင်း စပါး၊ ဆန် ဈေးနှုန်းများနှင့် စီးထွက်မှု အခြေအနေ

Tue, 06/21/2022 - 16:16 -- journal_editor

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇွန်လတတိယပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၂၉၀ဝ၀၊ မန္တလေး သို့ အိတ်ရေ ၃၈၀ဝ၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀ဝ၀ဝ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အိတ်ရေ ၆၅၀ဝ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)သို့ အိတ်ရေ ၆၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်းအိတ်ရေ ၉၁၀ဝ၀၊ တန်အားဖြင့် ၄၅၅၀တန် စီးထွက် ခဲ့သည်။ယခုတစ်ပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီး များသို့ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၀၅၀ဝ၊ မန္တလေး သို့ အိတ်ရေ ၃၉၀ဝ၀၊ နေပြည်တော်သို့ အိတ်ရေ၉၀ဝ၀ ၊ ရှမ်း ပြည်နယ်(တောင်ပိုင်း)သို့ အိတ်ရေ ၇၀ဝ၀၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)သို့ အိတ်ရေ ၆၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်း အိတ်ရေ ၉၃၀ဝ၀၊ တန်အားဖြင့် ၄၆၅၀ တန် စီး ထွက်ခဲ့သည့်အတွက် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခု တစ်ပတ်အတွင်း အိတ်ရေ ၂၀ဝ၀ တန်အားဖြင့် ၁၀ဝတန်ပို၍ စီးထွက်ခဲ့သည်။ရွှေဘိုမြို့၏ ဇွန်တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀ဝ လျှင် ကျပ်၁၅၅၀ဝ၀ဝ၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ ပြည်ပါ တစ် အိတ်လျှင် ကျပ် ၅၅၀ဝ၀၊ ဧရာမင်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၀၅၀ဝ၀ဝ၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၄၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

အေးသိင်္ဂီစိုး (ရွှေဘို)