Main menu

Background

ငဖဲမြို့နယ် တောင်ပေါ်ဒေသ၌ ကော်ဖီစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျှက်ရှိ

Fri, 06/24/2022 - 10:23 -- journal_editor

မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တောင်ပေါ်ဒေသ(နတ်ရေကန်)တွင်  ရေမြေရာသီဥတုနှင့်ကိုက်ညီသည့် အာရေဗီးကား(ဗီယက်နမ်)ကုန်းမြင့်ကော်ဖီမျိုး ၁၀၆၆ ဧကစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။ဒေသထွက်ကုန်သီးနှံအနေဖြင့် ကော်ဖီ၊လက်ဖက်၊ ဝဥ၊ ထောပတ်၊ ကမ္ဗလာ၊ရှောကျခြို၊ ပိန္နဲ၊ငရုတ်၊ ငှက်ပျော၊ သံပရာ စသည့် သီးနှံများကို  အများဆုံးစိုက်ပျိုးကြပြီး ကော်ဖီသီးနှံအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီခြံ(နတ်ရေကန်)တွင် အာရေဗီးကား(ဗီယက်နမ်)ကုန်းမြင့်ကော်ဖီမျိုးဧက ၄၀ ၊တောင်ပေါ် ဒေသကျေးရွာများတွင် ပုဂ္ဂလိကတောင်သူများက ၁၀၂၆ဧက စိုက်ပျိုးထားကြောင်း၊ အရည်သွေးမြှင့်ရောင်းတန်းဝင်ကော်ဖီအဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ကော်ဖီ စိုက်တောင်သူအစုအဖွဲ့ ဖွဲ့စည်းထားပြီး တောင်သူနည်းပညာပေးသင်တန်းနှင့် ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်လျက်ရှိကြောင်း၊ကော်ဖီမျိုးစေ့၊ ပျိုးပင်နှင့်စိုက်ပျိုးရေးလုပ်ငန်း သုံးပစ္စည်းများ ပံ့ပိုးပေးထားကြောင်း၊ နှစ်စဉ်ကော်ဖီ စိုက်ဧကတိုးတက်လာသလိုအထွက်နှုန်းများလည်တိုးတက်လာခဲ့ ကြောင်း၊ ယခုနှစ်ထွက်ရှိသောကော်ဖီစေ့များအား  ရေနံ ချောင်းမြို့နယ် ဘာမင်နီယာစက်ရုံ၊  ရန်ကုန်မြို့ ဝင်းကော်ဖီ စက်ရုံတို့မှ ကျေးရွာများအထိ   ကွင်းဆင်း၍ ကော်ဖီ အရည် အသွေးအပေါ် မူတည်ပြီး တစ်တန်လျှင်  ငွေကျပ်သိန်း ၃၀မှ ၅၀အထိ ပေးဝယ်ရာတောင်သူများ ဈေးကောင်းရရှိ၍ အဆင် ပြေကြောင်း၊ကော်ဖီပင်နှင့်အတူ ထောပတ်၊ ဝဥ၊လိုင်ချီး၊ လက်ဖက် စသည့် နှစ်ရှည်သီးနှံပင်များကြားညှပ်စိုက်ပျိုးကြ၍ တောင်ပေါ်ဒေသခံ တိုင်းရင်းသားများမှာ မိသားစုစားဝတ် နေရေးအဆင်ပြေကြောင်း သိရသည်။ယခုနှစ်မှစ၍ မဲခေါင်-လန်ချန်း   အထူးရန်ပုံငွေဖြင့် ကော်ဖီ စံပြကွက် ၂ ဧက (ံ-၅၂၈ မျိုးတစ်ဧကနှင့်  ှူ-၃၄ မျိုး တစ်ဧက)ကို စမ်းသပ်စိုက်ပျိုးထားရှိကြောင်း၊ တောင်ပေါ် ဒေသ ကျေးရွာအုပ်စု ၁၀ အုပ်စုမှ  ကော်ဖီစိုက်ပျိုးတောင်သူများ အရည်အသွေးကောင်းမွန်သောသီးနှံများရရှိ၍   အချိန်တို အတွင်း ခြောက်သွေ့စွာလှန်းနိုင်ရန် ရည်ရွယ်၍ ကော်ဖီခြံတွင် ှသူမေ ီမပမေ စနစ်ဖြင့် သီးနှံအခြောက်လှန်းစင်  အဆောက် အအုံ တည်ဆောက်ထားရှိကြောင်းနှင့် ယခုနှစ်   မိုးရာသီအမီ တောင်သူများ စိုက်ပျိုးနိုင်ရေးအတွက် ကော်ဖီပျိုးပင်၊ အခြား အရိပ်ရ ပျိုးပင်များနှင့်အတူ ကော်ဖီမျိုးစေ့များပါ ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်းကော်ဖီခြံတာဝန်ခံဦးဇော်သိန်းထံမှ သိရသည်။ငဖဲမြို့နယ်နတ်ရေကန်(ကော်ဖီခြံ)မှ တစ်နှစ်လျှင် ကော်ဖီ စေ့ ၂ ဒသမ ၈ တန်နှင့် ပုဂ္ဂလိကစိုက်ခင်းများမှ  ၄၃ တန်ကျော် ထွက်ရှိပြီး ရွာငံ၊ရေနံချောင်း၊ရန်ကုန်နှင့် ပြင်ဦးလွင် မြို့နယ် ဈေးကွက်များသို့    တင်ပို့ရောင်းချကြောင်း သိရ သည်။
ဝင်းထွန်း(မကွေး)