Main menu

Background

မူဆယ်ဒေသမှ မြန်မာ့ရေထွက်ပို့ကုန် ကဏန်း၊ ငါးရှဉ့် တင်ပို့မှု

Thu, 07/14/2022 - 13:36 -- journal_editor

မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ ကမ္ဘာတစ်ဝန်း COVID 19  ကူးစက် မြန်   အဆုတ်ရောင်ပြန့်ပွားမှု၊  ကပ်ဆိုး ရောဂါဖြစ်ပွားမှုနှင့်    အခြားသော ကန့်သတ်ချက် အခြေအနေများကြောင့် တရုတ်နိုင်ငံမှ မြန်မာ့ပို့ကုန်ပစ္စည်းများ တင်ပို့မှု ယာယီရပ်ဆိုင်းခဲ့ပြီး အခြားပို့ ကုန်ပစ္စည်းများ  ပြန်လည်တင်ပို့နိုင်ခဲ့ သော်လည်း ကဏန်း၊ ငါးရှဥ့် တင်ပို့မှု အား ဇွန် ၂၀ ရက်မှစ၍ ပြန်လည်တင်ပို့ နိုင်ခဲ့ပြီး ၂၇ ရက်အထိ ကဏန်းတန်ချိန် ၁၂၉ ဒသမ ၂၄၉ တန်၊ တန်ဖိုး  အမေ ရိကန်ဒေါ်လာ သုည ဒသမ ၆၄၆ သန်း၊ ငါးရှဥ့်တန်ချိန် ၂၀ ဒသမ ၈၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ သုည ၈၃ သန်း တင်ပို့နိုင်ခဲ့သည်။၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ်တွင် ကဏန်းတန်ချိန်  ၈၂၁၁ ဒသမ ၇၅၉ တန်၊  တန်ဖိုး ၂၃ ဒသမ ၇၃၇ သန်း၊ ငါးရှဥ့်တန်ချိန် ၂၈၅၅ ဒသမ ၁၀ဝ တန်၊ တန်ဖိုး  အမေရိကန်ဒေါ်လာ ၉ဒသမ ၆၇၅  သန်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကဏန်းတန်ချိန် ၁၉၆၂  ဒသမ  ၇၆၀ တန်၊ တန်ဖိုး ၅ ဒသမ ၄၃၀သန်း၊ ငါးရှဥ့် တန်ချိန် ၆၉၈၄ ဒသမ ၃၅၀ တန်၊ တန်ဖိုး ၂၈ ဒသမ ၁၂၇ သန်း၊  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်Mini Budget  တွင် ကဏန်း၊ ငါးရှဥ့် တင်ပို့မှုမရှိကြောင်း ကုန်သွယ်မှု  ကိန်းဂဏန်း အချက်အလက်အရ သိရှိ ရသည်။
တစ်ဖက်နိုင်ငံသို့ ကဏန်းတင်ပို့ ရာတွင် တစ်ရက်လျှင် တန်ချိန် ၅၀ တန် ကျော်လွန်ပါက ကဏန်းဈေးနှုန်းများမှာ ကျဆင်းတတ်ပြီး  တရုတ်နိုင်ငံ၏ လမုန့် စားပွဲတော်ရက်များတွင် လည်းကောင်း၊ ၁၀ လပိုင်း ၁ ရက်ကဲ့သို့ ပြည်ထောင်စု နေ့များတွင် လည်းကောင်း၊ ၅ လပိုင်း ၁ ရက်ကဲ့သို့May Day  ရက်များတွင် လည်းကောင်း၊  အင်္ဂလိပ် နှစ်သစ်ကူး ရက်များတွင် လည်းကောင်း၊ တရုတ်နှစ် သစ်ကူးရက်များတွင်   လည်းကောင်း ဈေးကောင်းရရှိကြောင်း၊ ကဏန်း  size စုံ တစ်ကီလို ၃၃ဒသမ ၃၃၆ယွမ်၊ ငါးရှဥ့် ဈေးနှုန်းမှာ ှငဖန ခွဲခြားမှုမရှိဘဲ အသေ/ အမျော့ လတ်ဆတ်မှုအပေါ်  မူတည်၍ တစ်ကီလို ၃၆ ယွမ်မှ ၄၀ ယွမ်အထိ ရရှိ ကြောင်း၊ တစ်ဖက်နိုင်ငံတွင် အရောင်း အဝယ် ပြုလုပ်သူများထံမှ သိရှိရသည်။တရုတ်နိုင်ငံဘက်သို့ တင်ပို့ရောင်း ချခဲ့သည့် မြန်မာဘက်မှ ကဏန်း၊ ငါးရှဥ့် ရေထွက်ပစ္စည်းများသည် တရုတ်နိုင်ငံ ဘက်သို့ မဝင်မီ မြန်မာဘက်၌ ယာဉ် များ ဆေးဖျန်းပြီး နာရီဝက်ကြာ စောင့် ဆိုင်းရကြောင်း၊  တရုတ်နိုင်ငံဘက်သို့ ရောက်ရှိပါက  PCRအစစ်ဆေးခံ၍ ငါး နာရီကြာခန့် စောင့်ဆိုင်ပြီးမှသာ ပြည် တွင်းသို့   ဆက်လက်ပို့ဆောင်ကြောင်း သတင်းရရှိသည်။
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်