Main menu

Background

ဆိတ်မွေးမြူရေးနှင့် ဆိတ်အရှင်ဈေးကွက်

Thu, 07/14/2022 - 15:28 -- journal_editor

မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင်တံတားဦးမြို့နယ်ဇီးကန်ကျေးရွာရှိ ဆိတ်မွေးမြူရေးလုပ်ငန်းများအား ဆိတ်မွေးမြူထားရှိမှုနှင့်ဈေးကွက်အခြေအနေများအား သိရှိနိုင်ရန်အတွက် ကျောက်ဆည်ခရိုင်စားသုံးသူရေးရာ ဦးစီး ဌာ န ဝန်ထမ်းများက သွားရောက်လေ့လာခဲ့သည်။လေ့လာမှုအရဇီးကန်ကျေးရွာတွင်တစ်နိုင်တစ်ပိုင်မွေးမြူခြင်းနှင့်စီးပွားဖြစ် ဆိတ်အကောင်ရေ ၅၀ နှင့်၁၀ဝကြား မွေးမြူထားသည်ကိုတွေ့ရှိရသည်။ ဇီးကန်ကျေးရွာမှဆိတ်ခြံပိုင်ရင် တစ် ဦး ၏ပြောကြားချက်များအရ မြန်မာနိုင်ငံတွင်ဆိတ်အမျိုးအစားသုံးမျိုးရှိကြောင်း သိရှိရပြီး ပထမတစ်မျိုးအနေဖြင့်ထိန်စမ်းမျိုးဖြစ် ကြောင်း၊ ထိန်စမ်းမျိုးကို များသောအားဖြင့် ပုပ္ပား၊ ချောက်၊ နတ်မောက် နှင့်  မြိုင်မြို့ နယ် များတွင် အများ ဆုံးမွေးမြူထားကြောင်း၊ ထိန်စမ်းဆိတ်၏ ကိုယ်အလေးချိန်မှာဆိတ်ထီးတစ်ကောင်လျှင် ၅၀ကီလို  ၃၇ ပိဿာ ဖြစ်ပြီး ဆိတ်မတစ်ကောင်လျှင်  ၂၉ ကီလို  ၂၀ ပိဿာရှိကြောင်း သိရှိရသည်။  ဒုတိယ ဆိတ်မျိုး အနေဖြင့်  ဂျိတ်နီမျိုးဖြစ်ပြီး ၎င်းမျိုးမှာအရွယ်အစားကြီးမားပြီးနီညိုရောင်၊အုန်းခွံ‌ရောင်၊မန်ကျည်းစေ့ရောင်များဖြစ်ကြောင်း၊ဂျိတ်နီဆိတ်၏ကိုယ်အလေးချိန်မှာဆိတ်ထီးတစ်ကောင်လျှင်၅၀ကီလို ၃၇ ပိဿာဖြစ်ပြီး ဆိတ်မတစ်ကောင်လျှင် ၄၂ကီလို ၂၉ပိဿာ ရှိကြောင်း၊ ယခုအခါ ဂျိတ်နီ ဆိတ်မျိုးများကို ကျောက်ဆည်၊ စဥ့်ကိုင်၊ မြစ် သား၊ တံတားဦးမြို့နယ်များတွင်  အများဆုံး မွေးမြူလာသည်ကို   တွေ့ရှိရကြောင်း သိရှိ ရသည်။တတိယ ဆိတ်မျိုးမှာ ဝေသာလီ ဆိတ် မျိုးဖြစ်ပြီး ဝေသာလီ ဆိတ်မျိုးမှာ ခန္ဓာကိုယ်သွယ်လျပြီး ဆိတ်၏အ‌ရောင်အသွေးမှာ အညိုရောင်၊ အနက်ရောင်  ဆက်နွှယ်နေ သည်ကို တွေ့ရှိရ သည်။ ‌ဝေသာလီဆိတ်များ ၏ ကိုယ်အလေး ချိန်မှာဆိတ်ထီးတစ်ကောင် လျှင်  ၃၈ ကီလို  ၂၄ ပိဿာဖြစ် ပြီး ဆိတ်မတစ်ကောင်လျှင်  ၃၁ကီလို ၁၉ပိဿာရှိ ကြောင်း၊ ဝေသာလီဆိတ်များကို   မကွေး၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်မြို့နယ်များတွင် အများဆုံးမွေးမြူကြသည်ဟု သိရှိရ သည်။ယခုအခါ ဆိတ်ဈေးကွက်အနေဖြင့် အရွယ်ရောက် ပြီး ဆိတ်ထီးတစ်ကောင်လျှင်ကျပ်၁၃၀ဝ၀ဝ-၁၅၀ဝ၀ဝ ၊ဆိတ်မမျိုးဝင်စတစ်ကောင်လျှင်ကျပ် ၉၀ဝ၀ဝ-၁၀ဝ၀ဝ၀ ဝန်းကျင်အရောင်းအဝယ်ဖြစ်နေပြီး အကောင် အရွယ်အစားပေါ် မူတည်ပြီး ကျပ် ၂၀ဝ၀ဝ၀ ထိရရှိ သည်။ နို့ခွဲခါစ ဆိတ်ပေါက် တစ်ကောင်လျှင် ကျပ် ၅၀ဝ၀ဝ-၆၀ဝ၀ဝအရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။ဆိတ်မွေးမြူရေး လုပ်ငန်းမှာ  ဆိတ်မတစ်ကောင် တစ်နှစ်လျှင် နှစ်ကြိမ်ပေါက်ဖွားသောကြောင့်အကျိုး အမြတ်များများ ရရှိ ကြောင်း သိရသည်။
မျိုးမင်းသန်း(ကျောက်ဆည်)