Main menu

Background

ကသာ အာလူးနှင့် ချင်းဈေးနှုန်း

Fri, 07/29/2022 - 16:19 -- journal_editor

ကသာခရိုင်အတွင်းရှိ မြို့နယ်များသို့ ချင်း ၁၀ ပိဿာ အိတ် တစ်ပတ်လျှင် အိတ် ၂၀ဝ မှ ၃၀ဝ ခန့်ထိ ဝင်ရောက်လျက် ရှိပြီး ဈေးနှုန်းအနေဖြင့် ယခင်တစ်ပတ်က ချင်းလက်ကား တစ်ပိဿာလျှင် ကျပ် ၁၁၀ဝ မှ ကျပ် ၁၃၀ဝ ၊ လက်လီ ဈေးမှာ ကျပ် ၁၆၀ဝ မှ ကျပ် ၁၈၀ဝ သာရှိခဲ့ပြီး ယခုတစ်ပတ် လက် ကားဈေးမှာ ကျပ် ၁၃၀ဝ မှ ကျပ် ၁၅၀ဝ၊ လက်လီဈေးနှုန်းမှာ ကျပ် ၁၈၀ဝ မှ ကျပ် ၂၀ဝ၀ ဖြစ်သဖြင့် ယခင်တစ်ပတ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း ချင်း ရောင်း ဝယ် သူတစ်ဦးထံမှ သိရှိရသည်။ကသာမြို့ပေါ်ရှိ  ဈေးနှင့် ကုန်စုံဆိုင်များသို့ အာလူး ဝင်ရောက်မှုအနေဖြင့် ယခုတစ်ပတ်အတွင်း မန္တလေး-မုံရွာ ဘက်မှ ပိဿာ ၃၀ ပါ အိတ် ၁၀ဝ ခန့် ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် လက်လီတစ်ပိဿာလျှင် အာလူး အကြီး၊ အသေးပေါ်မူတည်၍ ကျပ် ၂၄၀ဝ မှ ကျပ် ၂၇၀ဝ၊ လက်ကား ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ကျပ် ၂၂၀ဝမှ ကျပ် ၂၄၀ဝ ထိရောင်းချလျက်ရှိပြီး ဇူလိုင်လပထမပတ်အတွင်း ကသာမြို့ ဈေးအတွင်း ရောင်းချလျက်ရှိသော အာလူးဈေးနှုန်းမှာ ယခင် တစ်ပတ်ထက်  တစ်ပိဿာလျှင် ကျပ် ၁၀ဝခန့် ဈေးနှုန်းအနည်း ငယ်ကျလျက်ရှိကြောင်း သိရှိရသည်။
ယဉ်ယဉ်မြင့်(ကသာ)