Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်၌ သြဂုတ်လအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ  ၁၇၁ ဒသမ ဝ၆၉ သန်း ဆောင်ရွက်ခဲ့

Thu, 09/22/2022 - 15:24 -- journal_editor

သြဂုတ်လအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၂၂၁ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ  ၁၂၀ ဒသမ ၈၄၈ သန်း ရှိပြီး  ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ဝ၆၉ သန်း  ဆောင် ရွက်နိုင်ခဲ့သည်။  ကာလတူဆောင်ရွက်မှုနှင့်  နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၅၉၆ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၅ ဒသမ ၅၆၂ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇  ဒသမ ၁၅၈ သန်း လျော့နည်းခဲ့ ကြောင်း သိရသည်။ကာလတူထက် ပို့ကုန်ပိုင်းတွင် လျော့နည်းခဲ့သည့် ကုန်ပစ္စည်း အမယ် များမှာ ပြောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲဆန်၊ နှမ်းဖြူ၊ နှမ်းနက်၊ နှမ်း (ညို)၊ နှမ်းဖြူ (အခွံချွတ်)၊ ချင်းခြောက်၊ သီဟိုဠ်စေ့၊ ငရုတ်သီးခြောက်၊ ငါးမျိုးစုံ၊ အခြားစက်မှု ကုန်ချောနှင့် အခြားပစ္စည်းများ တင်ပို့မှု လျော့နည်းခဲ့ခြင်းကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ လူသုံးကုန်ပစ္စည်းအုပ်စုတွင် ဘက်ထရီ ခြောက်များ၊ အချိုမှုန့်၊ သွားတိုက်ဆေး၊ ဆေးဝါးပစ္စည်းများ၊ အလှကုန်ပစ္စည်း မျိုးစုံ၊   မျက်မှန်နှင့် မျက်မှန်ဖြင့်သက်ဆိုင်သော ပစ္စည်းကိရိယာများ၊ အခြား ပစ္စည်းများ လျော့နည်းခဲ့သောကြောင့်ဖြစ်သည်။အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ ၈ ဒသမ ဝ၃၈ သန်း လျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ဝ၂၁ သန်း ပိုမိုခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏ တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ဝ၁၇ သန်း လျော့နည်းခဲ့ကြောင်း သိရ သည်။ ပို့ကုန်ပိုင်းတွင်အနီးစပ်ဆုံးကာလထက် ပြောင်း၊ ကြက်သွန်နီ၊ ‌ရော်ဘာ၊ ငရုတ်၊ သတ္တုနှင့် သတ္တုရိုင်း၊ အခြားပစ္စည်းများ တင်ပို့မှု လျော့နည်းခဲ့သော ကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်း ပိုမိုရခြင်းမှာ လူသုံးကုန်ပစ္စည်းအုပ်စုတွင် အချိုမှုန့်၊ ချည်ထည်များ၊ အပ်ချည်ကြိုးများ၊ ဆေးဝါးပစ္စည်းများ၊ ဆပ်ပြာ၊ အလှကုန်ပစ္စည်းမျိုးစုံ၊ကော်ဖီ၊ လက်ဖက်ခြောက်နှင့်ဖျော်၍သုံးသည့် အမှုန့် များ၊ ဇာနှင့် ဇာထိုးထားသော အထည်အလိပ်များနှင့် မီးဖိုးချောင်သုံးပစ္စည်းများ တင်သွင်းမှု ပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။ 
သြဂုတ်လအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ အများဆုံးတင်ပို့ခဲ့သော ပို့ကုန်များမှာ ဆန်ကွဲ ၁၁၉၅တန်၊ ပြောင်းတန်ချိန် ၂၀၁၆၅ တန်ကျော်၊ ပဲမျိုးစုံ (မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွမ်းဖြူ) ၄၅၁တန်ကျော်၊ ကြက်သွန်နီ တန်ချိန် ၆၇၀ဝ ကျော်၊ ရော်ဘာ ၅၁၃ တန်ကျော်၊ ချင်းခြောက် ၂၆ တန်ကျော်နှင့် အခြားပို့ကုန် ပစ္စည်းများ တင်ပို့ခဲ့သည်။ အများဆုံး သွင်းကုန်ပစ္စည်းများမှာ မော်တော် ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ စက်နှင့် စက်ပစ္စည်းများ၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ ဓာတ်မြေ သြဇာများ၊ ပလတ်စတစ်ကုန်ကြမ်းများ၊ ချည်ထည်များ၊ ဆေးဝါးပစ္စည်းများ အများဆုံးတင်သွင်းခဲ့ကြောင်းနှင့် အခြားပစ္စည်းများလည်း တင်သွင်းခဲ့ကြောင်း မြဝတီကုန်သွယ်ရေးဇုန်မှ သိရသည်။                                       
 အိမ့် (DOT)