Main menu

Background

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ပိုမိုဆောင်ရွက်

Thu, 09/22/2022 - 16:06 -- journal_editor

မြန်မာ-ထိုင်းနယ်စပ်ရှိ   ကော့သောင်း ကုန် သွယ်ရေးစခန်းမှ   ယခုဘဏ္ဍာနှစ်  သြဂုတ်လတွင် ပို့ကုန်အမေရိကန်ဒေါ်လာ   ၁၉ ဒသမ ၃၉၅ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁ဒသမ ၈၇၉ သန်း ဆောင်ရွက်နိုင်၍ ကုန်သွယ်မှုပမာဏ  အမေရိကန် ဒေါ်လာ ၂၁ ဒသမ ၂၇၄ သန်း  ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရသည်။ယမန်နှစ်ကာလတူ  သြဂုတ်လနှင့်နှိုင်းယှဉ် ချက်အရ ပို့ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာသုည ဒသမ ၃၄၅ သန်း၊  သွင်းကုန်ပိုင်းတွင် အမေရိကန် ဒေါ်လာ သုည ဒသမ ၇၅၁ သန်း ပိုမိုသဖြင့်  ကုန် သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၉၆ သန်းပိုမိုကြောင်း သိရသည်။ကာလတူထက် ပို့ကုန်ပိုင်းပိုမိုရခြင်းမှာအဓိက ပို့ကုန်ပစ္စည်းဖြစ်သော ငါးမျိုးစုံ၊   ပုစွန်၊ ကင်းမွန်၊ ကဏန်း၊ ငါးရှဉ့်နှင့် အခြားရေထွက်ပစ္စည်းများ ပိုမို ခြင်း၊ သီဟိုဠ်စေ့၊ ကြက်သွန်နီနှင့်  ဆီအုန်းတင်ပို့မှု ပိုမိုခဲ့ခြင်းကြောင့် ပို့ကုန်ပိုင်း ပိုမိုခြင်းဖြစ်သည်။သွင်းကုန်ပိုင်းတွင် ယခင်နှစ်ကာလတူထက် ပိုမိုရခြင်းမှာ ရေနံထွက်ပစ္စည်းများ၊   ဓာတုဗေဒ ပစ္စည်းများ၊   သံနှင့်သံမဏိပစ္စည်းများ   ပိုမိုတင် သွင်းခဲ့ခြင်း၊   အခြားပစ္စည်းများ တင်သွင်းမှု ပိုမိုခဲ့ ခြင်းတို့ကြောင့်ဖြစ်သည်။သြဂုတ်လနှင့်အနီးစပ်ဆုံးကာလ ဇူလိုင်လ နှင့် နှိုင်းယှဉ်ချက်တွင် ပို့ကုန်ပိုင်းတွင် အမေရိကန် ဒေါ်လာ ၃ ဒသမ ၂၀၃ သန်း၊   သွင်းကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၆၂ သန်းပိုမိုသဖြင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၆၅ သန်း ပိုမိုကြောင်း သိရသည်။အနီးစပ်ဆုံးကာလနှင့်  ပို့ကုန်ပိုင်း ပိုမိုရခြင်း မှာ   ဆီအုန်းတင်ပို့မှု ပိုမိုခြင်း၊ အဓိက ပို့ကုန်ပစ္စည်း ဖြစ်သော ငါးမျိုးစုံ၊ ကင်းမွန်နှင့် ငါးရှဉ့် တင်ပို့မှု ပိုမို ခြင်းကြောင့်ဖြစ်သည်။သွင်းကုန်ပိုင်းပိုမိုရခြင်းမှာရေနံထွက်ပစ္စည်း များ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများ ပိုမို တင် သွင်းခြင်း၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့်  အခြားပစ္စည်းများ တင်သွင်းမှု ပိုမိုခြင်းကြောင့် ဖြစ်သည်။ယခုဘဏ္ဍာနှစ်သြဂုတ်လတွင်ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ယမန်နှစ် ကာလတူနှင့်ရော အနီးစပ်ဆုံးကာလထက်ပါ     ကုန်သွယ်မှုပမာဏ ပိုမိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးအေးသန့်