Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်မှ စက်တင်ဘာလအတွင်း အနီးစပ်ဆုံးကာလထက် ကုန်သွယ်မှု ပမာဏ ပိုမိုဆောင်ရွက်

Wed, 10/12/2022 - 13:08 -- journal_editor

၂၀၂၂ ခုနှစ်  စက်တင်ဘာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၆၄၆ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၄၉ ဒသမ ၃၆၇ သန်းရှိပြီး ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၁၀ ဒသမ ဝ၁၃ သန်း ဆောင်ရွက်နိုင်ခဲ့သည်။  ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၀ဝ သန်း လျော့နည်းခဲ့ပြီး သွင်းကုန် အမေရိကန်ဒေါ်လာ ၉ ဒသမ ဝ၀၃ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ဝ၉၇ သန်း ပိုမိုခဲ့သည်။
ကာလတူထက် ပို့ကုန်ပိုင်းတွင်  လျော့နည်းခြင်းမှာ လယ်ယာထွက်ပစ္စည်းအုပ်စုတင်ပို့မှုပိုမိုခဲ့သော်လည်း သတ္တု  တွင်းထွက်ပစ္စည်းအုပ်စု၊ သစ်တောထွက်ပစ္စည်းအုပ်စု၊ တိရစ္ဆာန်ထွက်ပစ္စည်းအုပ်စု၊ ရေထွက်ပစ္စည်းအုပ်စု၊ စက်မှု ကုန်ချော ပစ္စည်းအုပ်စုနှင့် အခြားပစ္စည်းအုပ်စုတို့ တင်ပို့မှု လျော့ကျခဲ့ခြင်းကြောင့်ဖြစ်သည်။  သွင်းကုန်တွင်  ပိုမိုခဲ့ခြင်းမှာ လူသုံးကုန်ပစ္စည်းအုပ်စုတွင် တင်သွင်းမှု လျော့နည်းခဲ့သော် လည်း ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုနှင့် လုပ်ငန်းသုံးပစ္စည်းအုပ်စု တွင် တင်သွင်းမှု ပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။
အနီးစပ်ဆုံးကာလဖြစ်သော၂၀၂၂ ခုနှစ်သြဂုတ်လနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တွင်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ဒသမ ၄၇၂သန်း၊ သွင်းကုန်တွင် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၅၁၉ သန်း ပိုမိုခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏ အမေ ရိကန် ဒေါ်လာ ၃၈ ဒသမ ၉၉၁ သန်း ပိုမိုခဲ့ကြောင်းသိရသည်။ ပို့ကုန်ပိုင်းတွင်  ပိုမိုခြင်းမှာ  သစ်တောထွက်ပစ္စည်းအုပ်စု၊ ရေထွက်ပစ္စည်းအုပ်စုနှင့် စက်မှုကုန်ချောပစ္စည်းအုပ်စု တင်ပို့ မှုပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် အနီးစပ်ဆုံး ကာလထက်ပိုမိုရခြင်းမှာ ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စု၊ လုပ်ငန်း သုံးကုန်ပစ္စည်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတို့ တင်သွင်း မှုပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။
မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုပမာဏ လျာထား ချက်အပေါ် ပြည့်မီကျော်လွန်ရေး ကုန်သွယ်မှုတိုးမြှင့်နိုင်ရေး စခန်းမှ ပို့ကုန် သွင်းကုန်လိုင်စင်များ အချိန်နှင့် တစ်ပြေးညီ ခွင့်ပြုပေးနေခြင်း၊ တစ်ဖက်နိုင်ငံ အကောက်ခွန်သက်သာ ခွင့်အတွက် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်များ အချိန်နှင့် တစ်ပြေးညီ ထုတ်ပေးခြင်း ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများ ဖြေလျော့ပေးခြင်းများ ကုန်သွယ်မှု ဆက်စပ်သည့် ဌာနအဖွဲ့ အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ကုန်သွယ်မှု တိုးတက်လာ စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း မြဝတီကုန်သွယ် ရေးဇုန်မှ သိရသည်။  
အိမ့် (DOT)