Main menu

Background

လွယ်ဂျယ်နယ်စပ်မှ ကြိမ်တင်ပို့မှု ယခင်နှစ်ထက်ပိုမို

Thu, 10/13/2022 - 13:02 -- journal_editor

ရွှေကူ၊  မဘိန်း၊  မန်စီ၊  မိုး မောက်၊ ဗန်းမော် မြစ်ကြီးနား၊ ဆင်ဘို၊ တာလော့ကြီး ဒေသများမှ ထွက်ရှိသော ကြိမ်များကို ဗန်းမော် မြို့ရှိ တစ်ပိုင်တစ်နိုင် ကြိမ်လုပ်ငန်း ရှင်များက    ဗန်းမော်မြို့အရောက် ကြိမ် တစ်ချောင်းလျှင်   ၄၀ဝ ကျပ် ခန့်ဖြင့်ဝယ်ယူကြပြီးအချောသပ်ခြင်း၊ နေလှန်းခြင်းများဆောင်ရွက် အကြမ်းထည်အတိုင်း တရုတ် နိုင်ငံသို့တင်ပို့ကြကြောင်းသိရသည်။ တရုတ်နိုင်ငံသို့"တောင်"ကြိမ် တစ်မျိုးတည်းသာ တင်ပို့ပြီး ကျန်ကြိမ်အမျိုးအစားများအား ရန်ကုန်၊ မန္တလေးမြို့များသို့  တင်ပို့ရောင်းချ ကြသည်။  အရည်အသွေးအပေါ် မူတည်၍ "တောင်"ကြိမ် တစ်တန် လျှင် ဈေးနှုန်း ၄၅၀ဝ ယွမ်မှ ၆၀ဝ၀ ယွမ်အထိ ရရှိကြောင်းသိရှိရသည်။ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (ဧပြီလမှစက်တင်ဘာလထိ) ကြိမ် တန်ချိန် ၅၁၃ ဒသမ ၉၀တန် တင်ပို့ နိုင်ခဲ့ပြီး ယခင်နှစ်  ကာလတူထက် တန်ချိန် ၁၆၀ ဒသမ ၅၀ တန် လွယ် ဂျယ်နယ်စပ်ဒေသမှ ပိုမိုတင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။ လွယ်ဂျယ်နယ်စပ်ဒေသ ငွေကြေးဈေးကွက်အနေဖြင့် အောက်တိုဘာ ၁ ရက်တွင် တစ်ယွမ်လျှင် ၃၇၀ ဒသမ ၃၇ ကျပ် ဖြစ်ခဲ့ပြီး အောက်တိုဘာ ၅ ရက်တွင်  တစ် ယွမ်လျှင် ၄၀၃ ဒသမ၂၃ ကျပ်ဖြစ်ကြောင်း သိရသည်။
MOC(IR)