Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်မှ ယခုတစ်ပတ်အတွင်း ကုန်သွယ်မှု  ပိုမိုဆောင်ရွက်

Thu, 12/08/2022 - 12:24 -- journal_editor

နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၂၉ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၃၀ ဒသမ ၃၉၂ သန်းရှိပြီး ကုန်သွယ်မှုပမာဏ ၄၀ ဒသမ ၁၂၁ သန်း ဖြစ်ကာ အနီးစပ်ဆုံးကာလ ယခင်တစ်ပတ်ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၉၆ သန်း လျော့နည်းခဲ့သော်လည်း သွင်းကုန်အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၅၄ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၅၈ သန်း ပိုမိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အနီးစပ်ဆုံးကာလထက် ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ စက်မှုကုန်ချောပစ္စည်းများတင်ပို့မှုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၂၁၅ သန်း ပိုမိုခဲ့သော်လည်း လယ်ယာထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၅၉ သန်း၊ ရေထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၀၉ သန်း၊ သတ္တုတွင်းထွက်ပစ္စည်းအုပ်စုတွင်  တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၁၁ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၂၈ သန်းနှင့် အခြား ပစ္စည်းအုပ်စုတွင် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၄၀၄ သန်း လျော့ နည်းခဲ့သောကြောင့် ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စု တွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၁၃ သန်း လျော့နည်းခဲ့သော်လည်း၊ လုပ်ငန်းသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၉၀၅ သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၆၂ သန်း  တင်သွင်းမှု  ပိုမိုခဲ့သောကြောင့် ယခင်တစ်ပတ်ထက် သွင်းကုန်ပိုင်းတွင် ပိုမိုခြင်းဖြစ်သည်။
မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုပမာဏလျာထားချက်အပေါ် ပြည့်မီကျော်လွန်ရေး ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးစခန်းမှ ပို့ကုန် သွင်းကုန် လိုင်စင်များ   အချိန်နှင့်တစ်ပြေးညီ ခွင့်ပြုပေးနေခြင်း၊  တစ်ဖက်နိုင်ငံ အကောက်ခွန်သက်သာခွင့်အတွက် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်များ အချိန်နှင့်တစ်ပြေးညီ  ထုတ်ပေးခြင်း၊ ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးခြင်းများ ကုန်သွယ်မှုဆက်စပ်သည့် ဌာနအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ကုန်သွယ်မှု တိုးတက်လာစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း မြဝတီကုန်သွယ်ရေးဇုန်မှသိရသည်။
အိမ့် (DOT)