Main menu

Background

ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၅ သန်းကျော်ရရှိ

Mon, 01/30/2023 - 15:24 -- journal_editor

ဆန်
ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇၈၁ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၃၂၄၃၀ ခန့်တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၇၂၅၀ ကျော် နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၁၅၁၈၀ ကျော် တင်ပို့ခဲ့သည်။ 
ဆန်တင်ပို့သော နိုင်ငံများမှာ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၁၂၁၇၀ ခန့်၊ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၃၃၁၀ ကျော်၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၅၀ဝ၊ ဗီယက်နမ်နိုင်ငံသို့ ဆန်တန်ချိန် ၁၃၀၊ ထိုင်ဝမ်သို့ ဆန်တန်ချိန် ၁၂၀ ကျော်နှင့် စင်ကာပူနိုင်ငံသို့ အနည်းငယ် တင်ပို့ခဲ့ကြောင်း သိရသည်။
အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သော စပိန်နိုင်ငံသို့ ဆန်တန်ချိန် ၈၄၀ဝ၊ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၂၂၂၀ ကျော်၊ ဘူလ်ဂေး ရီးယားနိုင်ငံသို့ ဆန်တန်ချိန် ၁၆၂၀ ကျော်၊ အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၈၇၀ ကျော်၊ ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန် ၅၅၀၊ စလိုဗက်ကီးယားနိုင်ငံသို့ ဆန်တန်ချိန် ၅၁၀ တန်၊ ပြင်သစ်နိုင်ငံနှင့် ဂျာမနီနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀ စီ၊ ယူနိုက်တက်ကင်းဒမ်း သို့ ဆန်တန်ချိန် ၃၇၀ ကျော်နှင့် ခရိုအေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၀ဝ အသီးသီး တင်ပို့ခဲ့သည်။
ယခုတစ်ပတ် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ ဆန်တန်ချိန် ၄၁၂၀ ခန့်နှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုမှ ဆန်တန်ချိန် ၂၅၀ဝ တင်ပို့နိုင်သဖြင့် စုစုပေါင်းတန်ချိန် ၆၆၂၀ နှင့် တန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၅၅၃ သန်း ရရှိခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ ဆန်တန်ချိန် ၃၉၀၅၀ တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၃၃၄ သန်း ရရှိခဲ့သည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၇၄၀ဝ ကျော် ပိုမိုတင်ပို့ကြောင်း သိရသည်။ 
ဆန်ကွဲ
ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၅၃ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၅၀၈၀ ကျော်တင်ပို့ခဲ့သည်။ တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၇၆၀၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၉၅၀ဝ၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၀ဝ၊  နယ်သာလန်နိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၄၀ဝ၊ အင်္ဂလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၀ဝ၀၊ ပိုလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၇၀ ကျော်၊ ရိုမေးနီးယားနိုင်ငံနှင့် စပိန် နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၅၀ စီနှင့် အီတလီနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၀ ခန့်တင်ပို့ခဲ့ကြောင်းသိရသည်။
ယခုတစ်ပတ် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုမှ ဆန်ကွဲ တန်ချိန် ၁၀၃၅၀ ကျော်နှင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှ ဆန်ကွဲတန်ချိန် ၈၄၀ ကျော် စုစုပေါင်း ဆန်ကွဲတန်ချိန် ၁၁၂၀ဝ ကျော် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ဝ၃၄ သန်း ရရှိခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ စုစုပေါင်း ဆန်ကွဲတင်ပို့မှုတန်ချိန် ၂၆၂၈၀ ကျော် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၈၇ သန်းရရှိခဲ့သဖြင့် ယခင်တစ်ပတ် ဆန်ကွဲတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်ကွဲတန်ချိန် ၄၀ဝ၀ ကျော် လျော့နည်းတင်ပို့ခဲ့သည်။
ယခုတစ်ပတ်အတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှု တန်ချိန် စုစုပေါင်း ၆၅၃၃၀ တင်ပို့ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၂၅ ဒသမ ၉၂၁ သန်း ရရှိခဲ့ကြောင်း သိရသည်။                                                                                               အေးအေးသန့် (DOT)