Main menu

Background

ဇန်နဝါရီလအတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှုအခြေအနေ

Mon, 02/13/2023 - 12:56 -- journal_editor

ရော်ဘာ
ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၄၃၃ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၃၈၀ဝ ခန့် တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၉၂၂၀ ကျော်၊ မလေးရှားနိုင်ငံသို့  ရော်ဘာ ၃၃၇၇ တန်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၆၉၀ ကျော်၊ ဂျပန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၄၈၀ နှင့် သီရိလင်္ကာနိုင်ငံသို့ ရော်ဘာတန်ချိန် အနည်းငယ် တင်ပို့ခဲ့သည်။
ယခုလအတွင်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုမှ  ရော်ဘာတန်ချိန် ၁၂၀ဝ ခန့်နှင့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၁၀၉၀ တင်ပို့သဖြင့် စုစုပေါင်း ရော်ဘာတန်ချိန် ၂၂၉၀ ခန့် တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၂၈ သန်းရရှိခဲ့သည်။ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၁၆၀၉၀ တင်ပို့ပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၁၉ ဒသမ ၁၆၁ သန်းရရှိခဲ့သည်။ ယခင်လတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၆၃၀ဝ ကျော် လျော့နည်း တင်ပို့ခဲ့သဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ရှစ်သန်းကျော် လျော့နည်းရရှိခဲ့သည်။
ပြောင်း
၂၀၂၃ခုနှစ် ဇန်နဝါရီလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၃ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၇၇၆၂၀ ကျော် တင်ပို့ခဲ့သည်။ အများဆုံးတင်ပို့သောနိုင်ငံများမှာ ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် ၂၂၁၃၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ပြောင်းတန်ချိန် ၁၉၄၉၀ ခန့်၊ ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၁၆၉၈၀ ကျော်၊ တရုတ်နိုင်ငံသို့ ပြောင်း တန်ချိန် ၁၀၇၆၀ကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြောင်းတန်ချိန် ၈၁၀ဝ၊ ဘရူနိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် ၁၂၀၊ အိန္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံသို့လည်း အနည်းငယ် တင်ပို့ခဲ့သည်။ 
ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၄၃၂၀ ကျော်နှင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှ ပြောင်း ၃၆၄၅ တန် စုစုပေါင်း ပြောင်းတန် ၇၉၆၅ ကျော် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၂၀ သန်း ရရှိသည်။ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှ  ပြောင်းတန်ချိန် ၈၅၅၈၅ ကျော် တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၇၂၀ သန်း ရရှိခဲ့သည်။ ယခင်လနှင့်နှိုင်းယှဉ်ပါက ပြောင်းတန်ချိန် ခုနစ်သောင်းကျော် လျော့နည်းတင်ပို့ခဲ့သည်။                                                                                                                                

အေးအေးသန့်(DOT)