Main menu

Background

၀ဥစက်ရုံများ ပီလောပီနံ အခြောက်/အမှုန့်များ ထုတ်လုပ်ခြင်းဖြင့် ဝင်ငွေရရှိ  

Mon, 02/13/2023 - 16:01 -- journal_editor

ဝဥစက်ရုံများအနေဖြင့် ဝဥထွက်ပေါ်ချိန် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ပုံမှန်လည်ပတ်လျက်ရှိသည်။ ဝဥရာသီ ကုန်ဆုံးချိန်တွင် ဝဥစက်ရုံများ လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခြင်းမဖြစ်စေရန် ပီလောပီနံ အခြောက်(အကွင်း)အမှုန့်များ ဆက်လက်ထုတ်လုပ် လျက်ရှိကြောင်း သိရှိရသည်။
ပီလောပီနံဥများကို မွန်ပြည်နယ် မုဒုံ၊ တောင်ကလေး၊ ကျွန်းရွာ၊ သံဖြူဇရပ်၊ ဘုရားသုံးဆူမြို့များနှင့် ကရင်ပြည်နယ်တို့မှ ဝယ်ယူရရှိပြီး စက်ရုံအရောက်ဈေးနှုန်း ပီလောပီနံအစို တစ်ပိဿာလျှင် ကျပ် ၃၇၀ ဖြင့် ဝယ်ယူရရှိကြောင်းသိရှိရသည်။
ပီလောပီနံဥများကို ဝဥထုတ်လုပ်သကဲ့သို့ပင် ရေဆေးပြီး ဓားစက်ဖြင့် အကွင်းလိုက်လှီးကာ စက်ဖြင့်အခြောက်ခံထုတ်လုပ်ရရှိသည်။ အချို့က အမှုန့်ကြိတ်၍ ထုတ်လုပ်ကြသည်။ ပီလောပီနံဥအစို တစ်ပိဿာလျှင် ပီလောပီနံကွင်းအခြောက် ၄၄ ကျပ်သား ထွက်ရှိကြောင်း သိရှိရသည်။ ပီလောပီနံ ကုန်ချော (အကွင်း/အမှုန့်)များကို ဒေသတွင်းမှ  အစာသွတ်စက်ရုံ၊ ငါးစာ၊ ကြက်စာစက်ရုံများ၊ အစာတောင့်စက်ရုံများ၊ လောင်စာတောင့်စက်ရုံများမှ စက်ရုံသို့လာရောက်ဝယ်ယူကြကြောင်းသိရှိရသည်။ 
ပီလောပီနံကွင်းအခြောက် တစ်ပိဿာလျှင် စက်ရုံအထိုင်ဈေး   ကျပ် ၈၀ဝ ဖြင့် ရောင်းချပြီး တစ်တန်လျှင် ကျပ် ၅၁၀ဝ၀ဝ ဖြင့် ရောင်းချရကြောင်းသိရှိရသည်။ ပြည်ပတင်ပို့မှုအနေဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချပြီး FOB ဈေးနှုန်း တစ်ကီလိုဂရမ်လျှင် ခုနစ်ဘတ်၊ တစ်တန်လျှင် ဘတ် ၇၀ဝ၀ ဖြင့် တင်ပို့ရောင်းချကြောင်းသိရှိရသည်။                                

မိုးမိုး(မွန်)