
ဇန်နဝါရီ ၁ ရက် မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၈၁၆ သန်း တန်ဖိုးရှိ နို့ဆီတန်ချိန် ၅၅၀ ကျော် စင်ကာပူနိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့ဆီ တန်ချိန် ၈၀ဝ ခန့် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၃၃ သန်း တန်ဖိုးရှိ နို့မှုန့်တန်ချိန် ၅၃၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် နယူးဇီလန်နိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်နှင့် မလေးရှားနိုင်ငံမှ တန်ချိန် ၃၀ ကျော် တင်သွင်းခဲ့ သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့မှုန့်တန်ချိန် ၁၅၀ ခန့် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁ ရက် မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၄၁ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၂၃၀ဝ ကျော် တင်သွင်းခဲ့သည်။ ယခုတစ်ပတ်အတွင်း အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ် နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင် ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စ တန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ပေါ်တူဂီ နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ် နိုင်ငံတို့မှ တင်သွင်း ခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလ နှင့်နှိုင်းယှဉ်ပါက ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
အိမ့် (DOT)